
ဘိုဘို ( သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ )
Posted by
နေစစ်သူ
, Tuesday, November 11, 2014 at 6:51 PM, in
Labels:
ဗီဒီယို

ပျော်နေမယ် ပြန်တွေးတိုင်း ( Cindy )
Posted by
နေစစ်သူ
, Sunday, January 26, 2014 at 10:10 PM, in
Labels:
ဗီဒီယို

ချစ်နေစဲပါ
Posted by
နေစစ်သူ
, Wednesday, June 19, 2013 at 1:39 AM, in
Labels:
ကဗျာ
တိုက်ဆိုင်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရချိန်တိုင်း
မျက်နှာလွဲပြီး မဆီမဆိုင်တဲ့အကြောင်းအရာတွေကိုစဉ်းစားခဲ့ဘူးတယ် .....
အမှတ်တမဲ့လမ်းမှာ ပြန်ဆုံတွေရင်လည်း
မမြင်ချင်ဟန်ဆောင်ပြီး ရှောင်ထွက်ဖို့ကြိုးစားမိတယ်......
ဝမ်းနည်းနာကျင်လွန်းပေမယ့် လူတွေရှေ့မှာ
ဟန်ဆောင်ပြုံးပြခဲ့ရတွေ ရှိတယ် .......
သူ့အကြောင်းတွေ မေ့ဖို့ကြိုးစားရင်း သူငယ်ချင်းတွေဆီက သူ့သတင်းကိုကြားမိရင်
အကြောင်းပြချက်တစ်ခုနဲ့ အဲ့ဒီစကားဝိုင်းကနေ လှည့်ထွက်ဖို့ ဆုံးဖြတ်ဘူးတယ် ....
သူကြိုက်တတ်တဲ့ အစားအစာတွေ ကိုယ့်အရှေ့ရောက်လာတိုင်း
ကိုယ်နဲ့မတည့်ပါဘူး ဆိုပြီး မစားပဲနေခဲ့ဘူးတယ်.......
သူ့ကို မချစ်ခဲ့ပါဘူးလို့ ငါ့နှုတ်ကကျိမ်ဆိုနေပေမယ့်
တကယ်တမ်းကျတော့ ....
ငါ့နှလုံးသား သူ့ကို ဒီနေ့အချိန်ထိ
ချစ်နေစဲပါပဲလေ...........

ချစ်သူအတွက်
Posted by
နေစစ်သူ
, Monday, March 18, 2013 at 5:07 PM, in
Labels:
ကဗျာ
ချစ်သူ ....
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည် .......
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လည်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည် ......
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည် ......
သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
( ငါ့ ) ချစ်သူသာဖြစ်၏ ......
မောင်စိန်ဝင်း-ပုတီးကုန်း
