this site the web

ZAWGYI MYANMAR FONT FOR WINDOW MOBILE







အခုတစ်ခါလည်း window ဖုန်းအတွက်ပဲ ။ ဒီ myanmar font လေးကလည်း ကျွန်တော့် သယ်ရင်း co2 ဆီကနေ ပြန်ရှယ်ပေးလိုက်နော် ။ ဒီမှာ Download ယူနိုင်ပါတယ် ။



yoe ko ko

Gtalk Window Mobile Free Download




ကဲ ......... ကျွန်တော် အခု လက်ရှိသုံးနေတဲ့ window mobile အတွက် Gtalk လေးပါ..
စိတ်ဝင်စားရင်တော့ ဒီမှာDownload ယူနိုင်ပါတယ်


yoe ko ko

နှုတ်ဆက်မျက်ရည်


ငြိမ်းချမ်းသာယာခဲ့ရတဲ့ ကိုယ့်ဘ၀လေး

မင်းနဲ့တွေပြီးတော့မှ ကြေကွဲမှုတွေနဲ့

ပူလောင်ခါးသီးခံခဲ့ရတဲ့သူပါလေ...

ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရခဲ့တာ

မင်းရဲ့ သစ္စာတရားပါလို့

ဆိုခဲ့ပေမယ့် အခုတော့လည်း

ဆပ်ပြာပူဖောင်းလေးတွေလိုပါပဲ.....

ဒါပေမယ့် နှလုံးသားထဲမှာ နာကျင်သလောက်

နာကျင်စမ်းပါစေတော့လေ...........

မျက်ရည်တွေခမ်း ၊ မျက်လုံးတွေ

ကန်းသွားရင်လည်း မင်းအတွက်

နောက်ဆုံးငိုကြွေခြင်းအဖြစ် အထိန်းအချုပ်မဲ့

ငိုကြွေးလိုက်ပါရစေတော့

ချစ်သူရေ.........................



yoe ko ko

ရင်ထဲမှာ ငို


မင်း ... မြင်နိုင်ပါ့မလား ချစ်သူ

အရှုံးသမားတစ်ယောက်ရဲ့ဝေဒနာ

လှစ်ဟာ ပြသခွင့်မရှိပေမယ့်

နှလုံးသားရဲ့ ဒီစစ်ပွဲမှာ

ငါက ကျရှုံးခဲ့ရတဲ့ သူပါ.......

ဒါပေမယ့်လေ....

အနိုင်နဲ့ပိုင်း မင်းအရှေ့က

ထွက်ခွါသွားစဉ် အခါတုန်းက

ဝေဒနာကို ရင်မှာပိုက်ထွေး

ဝေးရတော့မယ့် ဒီအချိန်မှာ

တွေ့ဆုံခြင်းဆိုတာဟာ

ငါ့အတွက်တော့

ဒါနောက်ဆုံးပါ........

မာနတွေကို ကိုယ်စီအရောင်ခြယ်

မျက်ရည်မဲ့တဲ့ ငါယောက်ျား ရယ်လို့

ဟန်ဆောင် ပြုံးထားနိုင်ပေမယ့်

မင်းမသိအောင်

ရင်ထဲမှာ ငို.....



ခဏတာ ခိုဝင်ဖူးတဲ့ ရင်ခွင်


ရင်ထဲက အလွမ်းဒဏ်ရာ

မသေနိုင်လောက်ပေမယ့်

သေလောက်အောင်ခံစားခဲ့ရဖူးတယ်

လူမသိအောင် ဟန်ဆောင်ပြုံးရင်း

မရှုံးမရှိတဲ့ လူတစ်ယောက်လို

ခေါင်းကိုမော့ပြီး ခပ်မာမာ နေခဲ့ဖူးတယ်

သြော်....သိပ်ချစ်ခဲ့ကြသတဲ့လား

ပေးခဲ့တဲ့ ဂတိ ၊ ထားခဲ့ကြတဲ့သစ္စာတရား

အခုတော့ ဘယ်မလဲ

နေအဝင် ပြောခဲ့တဲ့

မင်းရဲ့ ပုံပြင်လေး အဆုံးမတိုင်ခင်

လမ်းခွဲဖို့ နှုတ်ခဲ့ကြတာ

မင်းရဲ့ အချစ်တဲ့လား........

အခုတော့ ကမ်းစပ်နဲ့ပင်လယ်

ခွဲဖို့ရယ်မရှိဘူးလို့ထင်ထားခဲ့ပေမယ့်

ကမ်းကို စွန့်ခွါ မင်းက ထွက်ခွါသွားပြီပဲ

ငါ့ရင်ခွင်ဟာ မင်းအတွက်တော့

ခဏတာ ခိုဝင်ဖူးတဲ့

ရင်ခွင်တစ်ခုအဖြစ်

တည်ရှိနေအုံမှာပေါ့နော်............