this site the web

ZAWGYI MYANMAR FONT FOR WINDOW MOBILE







အခုတစ်ခါလည်း window ဖုန်းအတွက်ပဲ ။ ဒီ myanmar font လေးကလည်း ကျွန်တော့် သယ်ရင်း co2 ဆီကနေ ပြန်ရှယ်ပေးလိုက်နော် ။ ဒီမှာ Download ယူနိုင်ပါတယ် ။



yoe ko ko

Gtalk Window Mobile Free Download




ကဲ ......... ကျွန်တော် အခု လက်ရှိသုံးနေတဲ့ window mobile အတွက် Gtalk လေးပါ..
စိတ်ဝင်စားရင်တော့ ဒီမှာDownload ယူနိုင်ပါတယ်


yoe ko ko

နှုတ်ဆက်မျက်ရည်


ငြိမ်းချမ်းသာယာခဲ့ရတဲ့ ကိုယ့်ဘ၀လေး

မင်းနဲ့တွေပြီးတော့မှ ကြေကွဲမှုတွေနဲ့

ပူလောင်ခါးသီးခံခဲ့ရတဲ့သူပါလေ...

ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရခဲ့တာ

မင်းရဲ့ သစ္စာတရားပါလို့

ဆိုခဲ့ပေမယ့် အခုတော့လည်း

ဆပ်ပြာပူဖောင်းလေးတွေလိုပါပဲ.....

ဒါပေမယ့် နှလုံးသားထဲမှာ နာကျင်သလောက်

နာကျင်စမ်းပါစေတော့လေ...........

မျက်ရည်တွေခမ်း ၊ မျက်လုံးတွေ

ကန်းသွားရင်လည်း မင်းအတွက်

နောက်ဆုံးငိုကြွေခြင်းအဖြစ် အထိန်းအချုပ်မဲ့

ငိုကြွေးလိုက်ပါရစေတော့

ချစ်သူရေ.........................



yoe ko ko

ရင်ထဲမှာ ငို


မင်း ... မြင်နိုင်ပါ့မလား ချစ်သူ

အရှုံးသမားတစ်ယောက်ရဲ့ဝေဒနာ

လှစ်ဟာ ပြသခွင့်မရှိပေမယ့်

နှလုံးသားရဲ့ ဒီစစ်ပွဲမှာ

ငါက ကျရှုံးခဲ့ရတဲ့ သူပါ.......

ဒါပေမယ့်လေ....

အနိုင်နဲ့ပိုင်း မင်းအရှေ့က

ထွက်ခွါသွားစဉ် အခါတုန်းက

ဝေဒနာကို ရင်မှာပိုက်ထွေး

ဝေးရတော့မယ့် ဒီအချိန်မှာ

တွေ့ဆုံခြင်းဆိုတာဟာ

ငါ့အတွက်တော့

ဒါနောက်ဆုံးပါ........

မာနတွေကို ကိုယ်စီအရောင်ခြယ်

မျက်ရည်မဲ့တဲ့ ငါယောက်ျား ရယ်လို့

ဟန်ဆောင် ပြုံးထားနိုင်ပေမယ့်

မင်းမသိအောင်

ရင်ထဲမှာ ငို.....



ခဏတာ ခိုဝင်ဖူးတဲ့ ရင်ခွင်


ရင်ထဲက အလွမ်းဒဏ်ရာ

မသေနိုင်လောက်ပေမယ့်

သေလောက်အောင်ခံစားခဲ့ရဖူးတယ်

လူမသိအောင် ဟန်ဆောင်ပြုံးရင်း

မရှုံးမရှိတဲ့ လူတစ်ယောက်လို

ခေါင်းကိုမော့ပြီး ခပ်မာမာ နေခဲ့ဖူးတယ်

သြော်....သိပ်ချစ်ခဲ့ကြသတဲ့လား

ပေးခဲ့တဲ့ ဂတိ ၊ ထားခဲ့ကြတဲ့သစ္စာတရား

အခုတော့ ဘယ်မလဲ

နေအဝင် ပြောခဲ့တဲ့

မင်းရဲ့ ပုံပြင်လေး အဆုံးမတိုင်ခင်

လမ်းခွဲဖို့ နှုတ်ခဲ့ကြတာ

မင်းရဲ့ အချစ်တဲ့လား........

အခုတော့ ကမ်းစပ်နဲ့ပင်လယ်

ခွဲဖို့ရယ်မရှိဘူးလို့ထင်ထားခဲ့ပေမယ့်

ကမ်းကို စွန့်ခွါ မင်းက ထွက်ခွါသွားပြီပဲ

ငါ့ရင်ခွင်ဟာ မင်းအတွက်တော့

ခဏတာ ခိုဝင်ဖူးတဲ့

ရင်ခွင်တစ်ခုအဖြစ်

တည်ရှိနေအုံမှာပေါ့နော်............





အမှတ်တရ ဖြစ်ခဲ့ရသော မွေးနေ့လေးတစ်ရက်


Happy Birthday တဲ့ ည ၁၂ နာရီ တိတိမှာ ကျွန်တော့်ဆီကို ဖုန်းဝင်လာတယ် ။ ကိုယ် ကိုယ်တိုင်တောင် အမှတ်တမဲ့ နဲ့ နေလာခဲ့တဲ့ ကျွန်တော့် မွေးနေ့မှာ ချစ်သူက ပထမ ဦးဆုံးအကြိမ် ဖုန်းဆက်ပြီး “ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေလို့ ” ဆုတောင်းပေးလိုက်တော့ ကိုယ့် မွေးနေ့ ရောက်မှန်းသိလိုက်ရတယ် ။ အမိုးအကာ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့ရတဲ့ ဘဝမဟုတ်တော့ မွေးနေ့ ဆိုတာကိုတောင် မေ့တေ့တေ့ ရယ် ......သတိ မထားမိအား....။ ကိုယ့် အပေါ်ကို နားလည်မှု အပေးနိုင်ဆုံး အပြန်အလှန် တန်ဖိုးထား တတ်ပြီး ဂရုစိုက်ချစ်တတ်တဲ့ ချစ်သူလေးကို ပိုလို့တောင် ချစ်လာခဲ့မိပါတယ် ။ စိတ်ကူးကောင်းလှတဲ့ သူ့ရဲ့ အစီအစဉ်လေးကို လိုက်လျောရင်း ပျော်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းပွဲလေးကို နှစ်ယောက်သားတိတ်တိတ်လေး ကျင်းပခဲ့တာ ပထမဦးဆုံးအကြိမ်မို့ အမှတ်တရ ဖြစ်ခဲ့ ရတယ်လေ ........ ။ မွေးနေ့ ပွဲ တော်တော် များများမှာကြားဖူးနေတဲ့ “ Happy Birthday ...To You ” ဆိုတဲ့ သီချင်းလေးနေရာမှာ.... တရုတ်ဘာသာ နဲ့ မွေးနေ့ သီချင်းလေးကို သူကိုယ်တိုင်သီဆို ပြပြီး မွေးနေ့ အတွက် ဆုတောင်ပေးခဲ့တယ် ...... ။ ကျွန်တော့် ရင်ထဲမှာ ဘယ်လိုမှ ပြောပြလို့ မရတဲ့ ကြည်နူးမှု ပီတိလေးတစ်ခု ဖြစ်လာခဲ့ရတယ် ။ နောက်ဆုံး မွေးနေ့ ပွဲလေးမှာ ချစ်သူကို ဘာမှ မကျွေးနိုင်ခဲ့ပေမယ့် အနမ်းလေး တစ်ပွင့် နဲ့ အတူ ကျွန်တော်က လက်ဆောင်လေး တစ်ခု ပြန်ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီလက်ဆောင်လေးကတော့ “ “မ” ကို မောင်အရမ်း ချစ်တယ် ....ဘယ်တော့မှခွဲ မသွားပါဘူး ” ဆိုတဲ့တိလေးတစ်ခု ပါပဲ ....








ရွှေဘုံစံ ကုမ္မဏီကြောင့် ဒုက္ခရောက်နေကြရသူများ

ကျွန်နော့် ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ မတရားတဲ့ အဖြစ်အပျတ်လေးတစ်ခုပါ..။မလေးရှားမှာရှိတဲ့ အေးဂျင့်တွေနဲ့ မြန်မာပြည်မှာ ရှိနေတဲ့ အေးဂျင့်တွေ ပေါင်းပြီး ရိုက်စားလုပ်နေကြတဲ့ အဖြစ်လေး တစ်ခုပေါ့.....

မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ လေးလပိုင်း ၂၉ရက်နေ့ ( 29.APR.2010) မှာ ထွက်လာကြတဲ့ ဦးအာလီစော ( A.358952) အပါအ၀င် ၆ဦး အဖွဲ့မှာပတ်ပို့ စာအုပ်နှင့် ပါမစ်အလိမ်ခံနေရပါတယ်...။

မြန်မာပြည်မှ အေးဂျင့်ကတော့ ရွှေဘုံစံ ကုမ္မဏီ မှ ကိုကျော်မြင့်ထွန်း ...ဖုန်းနံပါတ် 095109492 ဖြစ်ပါတယ်...။သူ့ကို ဆတ်သွယ်ပြောဆိုတဲ့အခါ မှာလဲ ရိုင်းပြစွာ ပြန်လည် ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာ သူ့ကို ပေးချေခဲ့ရတာ ၁၃ သိန်းခွဲ (လက်ငင်း) ဖြစ်ပါတယ်..။

လက်ရှိ ပူချွန်း ILO မှ တာဝန်ရှိသူများနှင့် ဆတ်သွယ်လုပ်ဆောင်နေသော်လည်း တပတ်ပြီး တပတ် ရက်ချိန်းတွေနဲ့ပဲ ပြန်လာနေရပါတယ်...။

မြန်မာပြည်မှာ ရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၄င်းကုမ္မဏီနှင့်ဆတ်သွယ်ပြီး အလုပ်မလုပ်မိကြစေဖို့နဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ထိထိရောက်ရောက် အကူအညီ ပေးနိုင်မဲ့ မိတ်ဆွေများ ရှိရင် ( 016 9812997 ) ကို ဆတ်သွယ်မေးမြန်းနိုင်ပါတယ်...။





တမ်းတခြင်းတွေနဲ့ အတူ


တစ်သက်တာမခွဲ ၊ အမြဲသာလက်တွဲမယ်လို့

ရည်စူးမိတဲ့စိတ်နဲ့ ၊ ကြေကွဲခဲ့ဘူးတဲ့

အတိတ်ကိုလည်း ၊ ငါမေ့ထားခဲ့ဘူးတယ်

ချစ်သူ ...........

မိုင်တွေဝေးကွာ ၊ ဆွေးကာမျှော်မှန်း

လွမ်းခဲ့ရတဲ့နေ့တိုင်းမှာ ၊ မေ့မရနိုင်တဲ့ပင်အိုရိပ်အောက်

ပန်းအကြွေကောက်ခဲ့ ကြတဲ့၊ နေ့တွေကိုသတိရမိတယ်

ချစ်သူ...........

ခန္ဓာ အသက်ရှင် ၊ တည်ရှိနေသရွေ့

လွမ်းတသသ နဲ့ မှန်းဆမျှော်ရင်း

တမ်းတခြင်းတွေနဲ့ အတူ ငါဒီနေရာလေးကနေ

စောင့်မျှော်နေစဲပါ

ချစ်သူ..................




မေ့မရသော အမေ့ရဲ့ မေတ္တာ


“ အမေ....ရော့ ”

ငွေ ၅သောင်းကို အမေ့ လက်ထဲ ကျွန်တော့် ထည့် ပေးလိုက်တော့ ညှိုးရော် သွားတဲ့ အမေ့
မျက်နှာလေးကိုကျွန်တော် သတိထားလိုက်မိတယ် ။

“ မလိုပါဘူး သားရယ် ။ အရင် တစ်ခေါက်က သားပေးလိုက်တဲ့ ငွေ အမေ့မှာကျန်ပါ
သေးတယ် ။ အမေ့သားလေးကို မတွေ့တာကြာလို့ အမေ လာတွေ့တာပါ သားရယ် ” တဲ့ ။

အဖေ မရှိတော့တဲ့ နောက်ပိုင်း အမေ့ကိုကျွန်တော်နဲ့ အတူ ခေါ်ထားချင်ပေမယ့် ဇနီး နဲ့
ယောက္ခမက အကြောင်းအမျိုးမျိုးပြကာ ကန့်ကွက်ထားတာမို့ အမေ့ကို ခေါ်မထားဖြစ်ခဲ့ဘူး ။ အရင်တုန်းက
အမေ့ဆီ တစ်ပါတ်တစ်ခေါက် ပုံမှန်ရောက်ဖြစ်ခဲ့ပေမယ့် ယောက္ခမ အိမ်ပေါ်စရောက်လာတဲ့
နေ့ကစပြီး ကျွန်တော် အမေ့ဆီ မရောက်ဖြစ်တော့တာ ၂လလောက်ရှိပြီပေါ့ ။ အမေကတော့
သားအပေါ် အလိုက်သိတတ်လွန်းပါတယ် ။ အမေ သုံးဖို့ ပိုက်ဆံ ပေးရင်တောင်အမေ့မှာရှိပါ
တယ် လို့ ပြောပြီး အမြဲငြင်းလေ့ ရှိပါတယ် ။ ကျွန်တော် သိတာပေါ့ အမေက ဘယ်က ဝင်ငွေ
ရှိမှတဲ့လဲ ။ အခုတော့ မိန်းမ နဲ့ ယောက္ခမက မကြည်ဖြူသလို နေပြတော့ အမေ ကျွန်တော့်
ဆီ အလာကြဲသွားခဲ့တယ် ။

အခုဆို အမေ ကျွန်တော့်ဆီ ရောက်မလာတာ ၃ လလောက်ရှိနေပြီ ။ ကျွန်တော်လည်း ရုံးအလုပ်
တွေနဲ့ ရှုပ်နေလို့သတိမထားမိပေမယ့် တစ်နေ့ အမေ့အိမ်နီးချင်းတစ်ယောက်နဲ့ လမ်းမှာ တွေ့ပြီး
အမေ နေမကောင်း ဖြစ်နေတာကြာနေပြီ ဆိုတဲ့ အကြောင်း သူပြောပြမှ ကျွန်တော် သိရတော့
တယ် ။ ကျွန်တော် သွားတွေ့ချင်ပါတယ်
သို့သော်............

အိမ်ပြန်ရောက်လို့ အိမ်အဝင်ဝ အရောက်မှာပဲ သားငယ် မောင်တူးရဲ့ ငိုသံကို ကျွန်တော် ကြား
လိုက်ရတယ်..
“ မရဘူး ...သားကို အခု ဝယ်ပေး ”
သူ့အမေ ကို တစ်ခုခု ပူဆာနေတယ်ဆိုတာ ကျွန်တော် သိလိုက်မိတယ် .... ကျွန်တော်လည်း အိမ်
ထဲ မဝင်သေးဘဲ ဆက်ပြီး နားထောင်နေလိုက်တယ် ။ တော်တော် နဲ့ ချော့ မရတဲ့ အဆုံးမှာ .....

“ ကဲ...သားရယ် တိတ်ပါတော့ ...အမေ အခု လမ်းထိပ်က မားကက်မှာ သားအတွက် ကစား

စရာကားလေး သွားဝယ်ပေးမယ်နော် ” တဲ့ ။

အဲ့ဒီတော့မှ သားငယ် မောင်တူးရဲ့ အငို လည်း တိတ်သွားတော့တယ် ။ ကျွန်တော့် ဦးဏှောက်ထဲ
အရင်က အကြောင်းလေးတစ်ခုကို ဖြတ်ခနဲ သွားသတိရလိုက်မိတော့တယ် ။

အဲ့ဒီအချိန်က ကျွန်တော် အလယ်တန်းကျောင်းသားဘဝပေါ့ ။ ကျောင်းတွေစဖွင့်နေတဲ့ အချိန်မှာ
အရင်နှစ်ကလွယ်ခဲ့တဲ့ လွယ်အိပ်လေးအဟောင်းကို ဒီနှစ်မှာ အမေက ဆက်မလွယ်စေချင်လို့ ကျွန်တော့်
အတွက် တတ်နိုင်တဲ့ အထဲက ဈေးပေါပေါနဲ့ လွယ်အိပ်အသစ်ကလေး ဝယ်ခဲ့ပေးဘူးတယ် ။

“ အမေ ...သား အဲ့ဒီလွယ်အိတ်မလွယ်ချင်ဘူး ...သား သူငယ်ချင်းတွေ လွယ်တဲ့ ကျောပိုးအိတ်

လေးလိုချင်တယ် ”

အဖေ့ ရဲ့ လုပ်အားခ လေးနဲ့ မိသားစု စားဝတ်နေရေးအပြင် ကျွန်တော့် ရဲ့ ကျောင်းစရိတ် ကျူရှင်လခ
တွေ ပေါင်းလိုက်ရင် ဘယ်လိုမှ မလောက်ငှ နိုင်ပေမယ့် အမေက ခြိုးခြံခြစ်ကုတ်ပြီး အဲ့ဒီထဲကမှ ကျွန်တော့်
အတွက် လွယ်အိတ်လေး တစ်လုံး ဝယ်ပေးခဲ့ပေမယ့် အဲ့ဒီလွယ်အိတ်လေးကို ကျွန်တော် သဘောမတွေ့ခဲ့ ။
ကျွန်တော်လိုချင်တာ ကျောပိုးအိတ်အနီရောင်လေး ။ အမေကတော့ ကျွန်တော့အတွက် ကျောပိုးအိတ်လေး
ဝယ်မပေးနိုင်လို့ စိတ်မကောင်းဖြစ်ခဲ့တာတွေကို အဲ့ဒီအချိန်က ကျွန်တော်မသိခဲ့ ။ လိုချင်တာ မရရင် ထမင်း
မစား ၊ စိတ်ဆိုး ၊ သွားချင်ရာ လျှောက်သွားပြီး အချိန်မတော်ညဉ့်နက် သန်းခေါင် မှ ပြန်လာတတ်တဲ့
ကျွန်တော့် အကြောင်းကို အမေ ကောင်းကောင်းသိတာပေါ့ ။ နောက်တစ်နေ့မှာ ကျွန်တော်လိုချင်ခဲ့ ကျောပိုး
အိတ်အနီရောင်လေးကို အမေ ဝယ်လာပေးခဲ့တယ် ။ ကျွန်တော် အရမ်း ပျော်သွားခဲ့ရတယ် ။ပြီးတော့ အမေ
စကားတစ်ခွန်း ကျွန်တော့်ကိုပြောခဲ့တယ်

“ သားရယ် .. ညက သားပြန်မလာသေးလို့ အမေ စိတ်ပူနေတာ ။ နောက်ဆို အဲ့ဒီလို အိမ်မပြန်ပဲ

လျှောက်လျှောက်မသွားပါနဲ့တဲ့ ”

မျက်ရည်တွေ ဝဲ နေရင်း ကျွန်တော့်ကို ပြောလာတယ် ။ ပြီးတော့ အိပ်ခန်းထဲ ဝင်သွားတဲ့ အမေ့ရဲ့ ကျော
ပြင်ကိုကျွန်တော်ကြည့်ပြီး ကျန်ရစ်ခဲ့တော့တယ် ။ အမေဟာ အဖေ့ကြောင့် ဘယ်တုန်းကမှ စိတ်မဆင်းရဲခဲ့
ရဘူး ။ အဖေ ရှာလို့ဖွေလို့ ရသလောက်လေးကို ပဲ ခြိုးခြံခြစ်ကုတ်ပြီးရောင့်ရဲတင်းတိမ် နိုင်ခဲ့သူပါ ။ အမေ့မှာ
အင်္ကျီ အဝတ်အစား အသစ်ဆိုလို့ ၂ စုံ ၃ စုံ လောက်နဲ့ ဟောင်းနွမ်းနေတဲ့ အဝတ်အစားရယ် အဖေဆင်ပေး
ထားတဲ့ မင်္ဂလာဦးရွှေ နားကွင်းလေး တစ်စုံသာ ရှိပါတယ် ။ စားစရာ မရှိရင်တောင် အမေက အဲ့ဒီ နားဆွဲ
လေးကို ဘယ်တုန်းကမှေ၇ာင်းဖို့ စိတ်ကူးခဲ့သည်မဟုတ် ။ အဖေ ပေးခဲ့တဲ့ အရာလေးမို့ အမေက အမှတ်တရ
နဲ့ သိမ်းထားရုံကလွဲလို့ ရောင်းစားဖို့ ဆိုတာ ဘယ်တုန်းကမျှ မစဉ်းစားခဲ့ ။ အမေ့မှာ ဝတ်ဖို့ မရှိပေမယ့် ကျွန်
တော့်အတွက်တော့ လိုလေးသေးမရှိအောင်အမေက ဖြည့်ဆည်းပေးခဲ့ နိုင်ခဲ့သူပါ ။ အခုတစ်ခါမှာတော့ ကျွန်
တော့်အတွက် ကျောပိုးအိတ်လေး ဝယ်ပေးနိုင်ခဲ့ပေမယ့် အ၇င်ကနဲ့ မတူအမေ့ မျက်နှာလေး ညိုးရော် သွားခဲ့
တာ ကျွန်တော် သတိထားမိလိုက်တယ်။ အခုတော့ အမေဟာ အိပ်ခန်းရဲ့ထောင့်နံရံလေးကိုမှီပြီးကြိတ်ပြီး ငို
နေလေရဲ့ ။

“ အမေ ဘာဖြစ်လို့ ငိုနေတာလဲ ”


အခန်းဝမှာ ရပ်နေတဲ့ ကျွန်တော့်ကို မြင်တော့ အမေ မျက်ရည်တွေကိုသုပ်လိုက်ပြီး ဘာမှ မဖြစ်ပါဘူး ဆိုတဲ့
အမူအယာ နဲ့ ဟန်ဆောင်ပြုံးပြလိုက်ပေမယ့် ရင်ထဲမှာ မတင်မကျနဲ့ ။ ဒါပေမယ့် အမေ့နား မှာ အမြဲတမ်း
ဆွဲထားတဲ့ နားကွင်းလေး အခု မရှိတော့ ။ ကျွန်တော် သိလိုက်ပါပြီ ။ကျွန်တော်အလိုချင်ဆုံး ကျောပိုးအိတ်
လေးအတွက် အမေတန်ဖိုးထားမြတ်နိုးခဲ့ရတဲ့ ရွှေနားကွင်း လေးကို ရောင်းပြီး ကျော်ပိုး
အိတ်လေးကို အမေ ဝယ်ပေးခဲ့တာပေါ့နော် ...

“ ကျွန်တော် ဒီတစ်ခါလည်း မှားသွားပြန်ပြီ အမေ ........”

လက်မှာကိုင်ထားတဲ့ ကျောပိုးအိတ်အနီရောင်လေး လွတ်ချလိုက်ပြီး အဲ့ဒီတုန်းက အမေ့ ရင်ခွင်ထဲ ကျွန်တော်
ငိုချခဲ့ဘူးတယ် ။ အခုတော့ အဖေ မရှိတော့ပေမယ့် အမေဟာသူ့ဘဝကိုတစ်ယောက်ထဲ ရုန်းကန်ခဲ့
ရတယ် ။ ကျွန်တော် ဘဝ ပြည့်စုံပြီး မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေရတဲ့အချိန်မှာ အမေကတော့ကျွန်
တော်နဲ့ အဝေးမှာတစ်ယောက်ထဲ လောကရဲ့ ဒုက္ခဒဏ်တွေကို ကြိတ်ခံစားနေရရှာတာ ကျွန်တော်ဘာကြောင့်
မသိခဲ့တာလဲ ။ကျွန်တော် စိတ်အနှောက်အယှက် ဖြစ်မှာ စိုး၍ သူ ဒီလောက် နေထိုင်မကောင်းဖြစ်နေတာ
တောင်မှ အသိပေးဖို့ ဝန်လေးနေတဲ့ ကျွန်တော့် အမေ ။အခုဆို အမေ တစ်ယောက်ထဲ .......


အိမ်ရှေ့ခန်း ကြမ်းပြင်မှာ ဖာတေး ထားတဲ့ ဆောင်ကြမ်းလေးကို ခြေမလုံ ခေါင်းမလုံ ခြုံ ပြီး အမေ လဲ
လျှောင်းနေလေရဲ့ ။ ဆံပင်တွေဖြူ ၊သွားတွေ ကျိုး ၊ ပါးရေ နားရေတွေတွန့် ပြီး အိုမင်းရင့်ရော် နေတဲ့ အမေက
လှပတဲ့ အနာဂါတ်တစ်ခုကို ကျွန်တော့်အတွက် တည်ဆောက်ပေးခဲ့ရင်း နောက်ဆုံးထွက်သက်ထိ အဲ့ဒီ ပီတိတွေနဲ့
သူ ကျေနပ်နှစ်သိမ့်နေနိုင်ပေမယ့် ကျွန်တော့်ရဲ့ တာဝန်မဲ့မှုတွေအတွက် ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး
အမေ ..... ။ ရင်ထဲမှ ဆို့တတ်လာတဲ့ နာကျင်မှု ၊ ဝမ်းနည်းမှု တွေနဲ့အတူ အမေ့ရဲ့ ကျေးဇူးတရားကို ပြန်လည်
မြင်ယောင်ရင်း ရစ်ဝဲ ပြည့်အိုင်လာတဲ့ မျက်ရည်တွေဟာ အတားအဆီးမဲ့စွာ ပါးပြင်ပေါ်ကို ဖြတ်သန်း စီးဆင်းရင်း

“ အမေ ...သားလေ အမေနဲ့ ဘယ်တော့မှ ခွဲပြီး မနေတော့ပါဘူး အမေရယ် ...။ သားကို ခွင့်လွှတ်ပါ နော် ။
အမေ့ရဲ့ စေတနာ မေတ္တာတွေကို ဥပေက္ကာပြုပြီး ဒုက္ခဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ အမေ့ရဲ့ နေ့ရက်တွေအတွက်
ခံစားခွင့်ရခဲ့ရင်တောင် ကျွန်တော်ပြန်ပေးဆပ်ရတာတွေနဲ့ အထိုက်တန်သေးပါဘူး အမေရယ်.......

အခုတော့ အမေ အိပ်ပါစေ .... အမေ နိုးလာတဲ့အထိ သားစောင့်နေပါ့မယ် ။ နောက်ဆို အမေ့ကို ဘယ်တော့မှ

တစ်ယောက်ထဲ ထားမသွားပါဘူး အမေရယ် ။ အမေ နိုးလာတဲ့ အချိန်မှာ အမေ့ဘေးမှာ သားရှိနေတာမြင်ရင် အမေ
ဘယ်လောက် ပျော်သွားမလဲဆိုတာ ကျွန်တော် မြင်ယောင်နေမိပါတယ်အမေ.....

အိမ်ပြေးလေးဖြစ်တဲ့ ကျွန်တော့် ညီငယ်တစ်ယောက် အတွက်....





အချစ်ဆိုသည်မှာ





အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်...







တစ်ချို့ လည်း ဒီပို့စ်လေးကို ချစ်မိုးညို ရဲ့ VZO ဘလော့က် လေးမှာ ဖတ်ဖူးကြပေလိမ့်မည် ။ ဒီပို့စ်လေးကို ကျွန်တော်အရမ်း နှစ်သက် လို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် .. ဒီပို့စ်ရဲ့ ပိုင်ရှင်စစ်စစ် ဖြစ်သော ကျွန်တော့် အကိုကြီး ကိုဇောင်းလေး ကို ကျေးဇူး
တင်ပါကြောင်း................


စိမ်းရွက်တို့ကြွေ



အခုချိန်ဆို သူမကို တစ်အိမ်လုံးလိုက်ရှာနေကြတော့မည် ...... အိမ်က တင်းကြပ် ထားတဲ့ကြားထဲက မရမက
ခိုးထွက်လာခဲ့ရတာဟာ ဘဝမှာ ပထမဆုံးအကြိမ်နဲ့ စိတ်လှုပ်ရှားခဲ့ဆုံးသော စွန့်စားခန်းတစ်ခုပါ ။စာရေးချိန်း
ဆိုခဲ့သောနေရာသို့ သူမ အရင်ရောက်နှင့်ခဲ့ပေမယ့် သူမ ချစ်ရသောချစ်သူ က အခုချိန်ထိ သူရောက်မလာ
သေး...... အိချိုကတော့ မနေ့သူမ ပေးခိုင်းလိုက်တဲ့စာကို သူမ၏ချစ်သူ လက်ထဲကိုသေသေချာချာ ထည့်ပေး
လိုက်တယ်ဆိုတဲ့အကြောင်းကို သူမဆီ ဖုန်းဆက်ပြောခဲ့သေးတာပဲ ....

“ သူ သေချာပေါက်လာရမှာပေါ့ .... နှစ်ယောက်စလုံးအတွက် ဒီလောက်အရေး
ကြီးနေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ပျက်ကွက်ခဲ့ရင် တစ်ဘဝလုံးစာ
ဝေးရမယ်ဆိုတဲ့ ကိစ္စထက် ဘာကအရေးကြီးအုံးမှာတဲ့လဲ ”နော် ........

ပြိုမယောင် ညိုမှောင်နေတဲ့ မိုးကောင်းကင်ထက် တိမ်လိပ် တိမ်စိုင် တို့သည် ဟိုမှ ဒီသို့ ပြေးလွှားနေကြသည် ။
လေပြင်း တစ်ချက်ချက်ဖြတ်သန်း တိုက်ခတ်သွားတိုင်း လေနှင့်အတူပါလာသော မိုးစက် မိုးပေါက်များသည်
လွင့်ရုံစင်ရုံ မျှဖြင့် သူမ၏ ပင့်သက်ရှိုက်သံ များကိုပင် ပို၍ လှုပ်ခါနိုင်စွမ်း ရှိလေသည်.။ ရင်ခုန်ခြင်း ၊စိတ်လှုပ်
ရှားခြင်းတို့နဲ့အတူ သူမ စိတ်မောစွာ စောင့်မျှော်နေသော ချစ်သူသည် ယခုအချိန်ထိရောက်မလာနိုင်သေးပေ ။
နာရီ စက္ကန့်တံလေးတွေသည် တစ်ရွေ့ရွေ့နှင့်လည်ပတ်နေရင်းအချိန်တွေသည် တစ်နာရီမှ တစ်နာရီသို့ ခုန်
ကျော် ကူးဖြတ်လာခဲ့တော့သည် ။ စိတ်မောစွာ စောင့်မျှော်နေရတဲ့သူတစ်ယောက်အတွက် တစ်နာရီမပြောနဲ့
တစ်စက္ကန့်သည်ပင်လျှင် အသက်ရှု မှားလောက်စေသည် ။သက်ပြင်းအရှည်ကြီး ချရင်း

“ -သူ ဘာကြောင့် အခုချိန်ထိ ရောက်မလာသေးတာလဲ ”
ဟု တွေးရင်း သူမ ဝမ်းနည်းလာမိသည် ။
“ အို....သူအမြန်ရောက်လာနိုင်ပါစေ ”

စိတ်ထဲမှာတော့ အထပ်ထပ်အခါခါ ဆုတောင်းနေမိသည် ။အခုချိန် သူမကို အိမ်က ရှာတွေ့သွားရင်တော့
ဒုက္ခ ။ မချစ်မနှစ်သက်သောသူနဲ့ အတူနေရတဲ့ ဒုက္ခ ၊ ချစ်သောသူနဲ့ ကွေ့ကွင်းရတဲ့ ဒုက္ခဆိုတာကိုတော့ သူမ
ရင်မဆိုင်လိုပေ ။ ကြောက်ရွံ့စိုးရိမ်စိတ်ထက် သိပ်ချစ်ခဲ့ရတဲ့ ချစ်သူနဲ့ တစ်ဘဝလုံးစာ ဝေးသွားခဲ့ရင် ” ဆိုတဲ့
အတွေးကိုလည်း သူမ မတွေးရဲ ။ သို့သော် မလိုအပ်ပဲဦးဏှောက်ထဲ ရောက်ရောက်လာတတ်တဲ့ ထိုအတွေးစ
တွေကို သူမ အကြိမ်ကြိမ်ဆွဲထုတ်ဖို့ ကြိုးစားရင်းကပဲမျက်ဝန်းမှာ မျက်ရည်ခိုးတွေဟာ ပူနွေးပြည့်အိုင် လာပါ
တော့တယ် ။တိမ်မိုးသားမည်းတွေကို သူမ မော့ကြည့်လိုက်သည် ။ သိပ်မကြာခင်မှာ မိုးရွာပေလိမ့်မည်ဟု သူမ
ကောက်ချက်ချလိုက်မိသည် ။ မိုးချုန်းသံကြားရင် ငယ်ငယ်ကတည်းက ကြောက်တတ်ခဲ့သော သူမသည်
ယခုတော့ ထိုအသံများကိုပင် ဂရု မမူမိ ။ လျှပ်စီးများ အကြိမ်ကြိမ်ဝင်းလတ်နေသည့် မိုးကောင်းကင်ကြီး
အောက်၌ တုတ်တုတ်မျှပင်မလှုပ် ။

“ချစ်သူ ....ကိုယ့် ဘဝမှာ မင်းမရှိလို့ မဖြစ်ဘူး ဆိုတာ ယုံပါနော် ” တဲ့ ....။ တစ်စက္ကန့်လေးတောင်
ဝေးလို့ မနေနိုင်ပါဘူးဆိုတဲ့။ မောင်က အခုချိန်ထိ ရောက်မလာနိုင်ခဲ့တာဟာ သိပ်ချစ်လို့ပဲလား “ မောင်”
မနက်ဖြန်ဆိုတဲ့ အချိန်အခါက ကျမရဲ့ ဘဝတစ်ခု ကို “ မောင် ” မဟုတ်တဲ့ တစ်ခြားသော သူတစ်
ယောက်ရဲ့ လက်ထဲကို အပြီးပိုင် ထည့်ပေးလိုက်ရတော့မယ့် မင်္ဂလာပွဲဆိုတာ မောင်မသိတာလား ...
မဖြစ်နိုင်ဘူး.........မောင်သိတယ် ..မောင်လက်ထဲကိုလည်း ကျမရေးပေးလိုက်တဲ့စာ ရောက်တာပဲ ....
သတ္တိ နည်းလှချေလား မောင်ရယ်...

သူမ ဘာဆက်လုပ်ရမလဲ ဆိုတာ မတွေးတတ်တော့ ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတစ်ငင်ငင် ငိုချလိုက်မိရုံကလွဲ
လို့ သူမ ဘာမှ မတတ်နိုင်တော့ ။ယခုဏ က ဖြိုးဖြိုးဖြောက်ဖြောက် လွင့်စင်ရုံလောက်သာ ခက်မှန်မှန် ရွာနေ
သောမိုးသည် အခုတော့လည်းသည်းကြီးမည်းကြီးရွာချလေတော့သည် ။ အချိန်နာရီများသည် မထင်မှတ်
လောက်အောင် မြန်ဆန်စွာ ကုန်လွန်သွားစေခဲ့ပြန် သည် ။အခုတော့လည်း မိုးစက်တွေကြား၌ပင် သူမ၏ မျှော်
လင့်ချက်များ မျောပါ စတေးခံ ပစ်ရတော့မှာပေါ့နော် ။ မိုးသည် ပတ်ဝန်းကျင်ကိုကောင်းစွာ မမြင်ရလောက်
အောင် သည်းသထက် ပို၍ပင် သည်းလာလေတော့သည် ။

သိပ်မကြာလိုက်ပါဘူး ....သူမ ထိုင်နေရာ ခုန်တန်းလေး အနီးရှိ ကတ္တရာ လမ်းသွယ်လေးပေါ်တွင်ကားတစ်စီး
သည် သူမကိုကျော်လွန်းသွားပြီးမှ ရုတ်တရက် ဘရိတ်အုတ်လိုက်သည် ။ မိုးစက်မှားကြားမှာမသဲမကွဲ နှင့်ဘတ်
ဂီယာထိုး၍ နောက်ပြန်စုတ်လာသောကားလေးကို သူမ သေသေခြာခြာစိုက်ကြည့်မိလိုက်သည် ။

“ ဟင် !! ဖေဖေ နဲ့ မေမေ ”

ထွက်ပြေးဖို့ ဆိုတဲ့ အင်းအားလည်း မရှိတော့ ။ အချိန်မှီ ရောက်မလာနိုင်ခဲ့တဲ့ ချစ်သူကိုသာ အပြစ်ဖို့ ရင်းသူမ
ရှိုက်ကြီးတစ်ငင်ငင် ငိုကြွေးနေလေတော့သည် ။ ဝမ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ နာကြည်းခြင်းတွေနဲ့အတူ
ဆောက်တည်၇ာမဲ့ နှလုံးသားတို့သည် တောင်နံရံကြီးများအစိတ်စိတ်အမွှာမွှာကွဲထွက်လွင့်စင် ပြိုကြသလိုပင်
သူမ ခံစားလိုက်ရပါသည် ။ အရာရာသည် သူမအတွက်တော့ အားလုံးပြီးဆုံးသွားစေခဲ့ပြီပေါ့ ။

“ မငိုပါဘူးလေ....ဟုတ်တယ် ..ငိုစရာမှ မလိုအပ်တာ ။ အရာရာအားလုံးဟာ
အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ပျက်စီးသွားပြီပဲ ”
“ ဒီအခြေအနေတွေ ရောက်လာခဲ့ ပြီဆိုကတည်းက ဘာတွေဖြစ်လာတော့ မလဲဆိုတာ
ကျမ မပြောလည်း မောင် သိနှင့်နေလောက်ရော ပေါ့ ။ တစ်က္ကန့် လေးတောင် ခွဲမနေနိုင်ပါဘူးလို့
ကျမကို မောင်ပြောခဲ့ဘူးတယ်နော် .... ကျမ ရယ်ချင်လိုက်တာ...မောင် ။ အခုတော့ တစ်သက်စာ
အတွက် ခွဲခွါဖို့ မောင်က အဆုံးအဖြတ်ပေးခဲ့ ပွဲမှာ ကျမတို့နှစ်ယောက် နောင်တ မရကြေးပေါ့နော် ...”

နှင်းဆီရောင် နှုတ်ခမ်းလေးကို ပြတ်မထွက်ရုံတမယ် ကိုက်ထားရင်း

“ နှုတ်ဆတ်ခဲ့ပါတယ် ... “မောင် ” ”

မျက်လုံးအိမ်ထောင့်မှာ ရစ်ဝဲပြည့်အိုင်လာတဲ့ မျက်ရည်စက်များကို မျက်တောင် တဖျပ်ဖျပ် ခတ်လျက် ထိန်း
လိုက်မိသည် ။ ပြီးတော့ သူမ၏ မနီးမဝေး အနားလောက်မှာ အခန့်သင့် ရပ်စောင့်နေသော ကားရှိရာသို့ ကျော
ခိုင်းလှည့်ထွက်လာခဲ့လေတော့သည် ။ သို့သော် မနက်ဖြန် သည် ...သူမဘဝအတွက်တော့ အိပ်မက်ဆိုးတွေ
နဲ့ အတူခြောက်ကပ် ကြေကွဲ စရာစွာနဲ့တည်ရှိနေအုံးမှာပေါ့နော် ။

ကားလေးသည် ထိုနေရာမှ စတင်ထွက်ခွါလာပြီး လှည်းတန်းမီးပွိုင့်သို့ မရောက်မီ တစ်ဘက်လမ်းကြောမှာ လူ
တွေ အုံခဲ ပြွတ်သိပ်နေသည့် မြင်ကွင်းဆီ ကို သူမ သတိထားမိလိုက်သည် ။ အနီးအနား၌ လူနာတင်ယာဉ်
တစ်စင်း ကိုလည်းတွေ့လိုက်ရသည် ။ အဖြူရောင် ရှပ်အင်္ကျီ လက်ရှည် ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်
ယောက် မှောက်လျက် အနေအထား သွေးအိုင်ထဲမှာ လဲကျ နေတဲ့ မြင်ကွင်း ....။ ထိုသူသည် ကားတိုက်ခံလိုက်
ခြင်းဖြစ်သည်ဟုသာသူမ ကောက်ချက်ချလိုက်မိသည် ။ မီးပွိုင့် နီနေသောကြောင့် လူအုပ်ကြားထဲကပင် ထို
မြင်ကွင်းကို သူမ မပီပြင်စွာတွေ့လိုက်ရပေမယ့် သူမ ဆက်မကြည့်ချင်တော့ပေ ။ အသည်းငယ်တတ်သူပီပီ
သွေးပျက်ဖွယ်ကောင်းလှတဲ့ အဲ့ဒီမြင်ကွင်းကြောင့် သူမ ခေါင်းကို တစ်ဘက်သို့ လှည့်လိုက်မိသည် ..... မိနစ်
အနည်းငယ်အကြာ မီးပွိုင့် စိမ်းသွား၍ ကားလေးသည် ထိုမြင်ကွင်းကို ကျော်လွန်ကာ မိုးစက်တွေ ကြား၌ပင်
တဖြည်းဖြည်း ပျောက်ကွယ် သွားလေတော့သည် ။

ယခုဏက သွေးအိုင်ထဲမှာ လဲကျနေသူ၏ တိုးတိတ်ညင်သာသော ငိုရှိုက် ငြီးငြူသံတို့ကိုလည်း သူမ ကြားသွား
နိုင်တော့မည် မဟုတ်ပေ ။လက်ထဲ၌ သွေးတို့ စွန်းထင်းပေကျံနေတဲ့ချစ်သူ ချိန်းခဲ့သော အဖြူရောင် စာလေး
တစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၇င်း

“ ကျွန်တော့် ကို ကူညီကြပါဗျာ ...ကျွန်တော့်ကို သူစောင့်နေလိမ့်မယ် ။သူ့ဆီကိုခေါ်သွားပေးကြ
ပါ ။ ခေါ်သွားပေးကြပါ ...... ”

သွေးဆုတ်ဖြူလျော်လွန်းတဲ့ နှုတ်ခမ်း အစုံ ပြီးတော့ နွမ်းလျပါးလှပ်လွန်းတဲ့ သူ့မျက်မှာ ပေါ်တွင်တော့ ပြင်ထန်း
သော ဒဏ်ရာဒဏ်ချက်များ၏ နာကျင်မှုတို့ထက် မဖြစ်မနေ သူသွားရမယ့် နေရာတစ်ခုကိုသာ နှုတ်မှ တွင်တွင်
ရေရွတ်နေလေသည် ။ သို့သော်ထိုငြီးငြူ သံများသည်လည်း အခိုက်အတန့်ခဏလေး၌ပင် တိုးတိတ်စွာ ပျောက်
ကွယ်ရင်း ခရေနံ့တို့သည်လည်း မိုးစက်တွေကြားမှာ တစ်ချက်ချက် ဝေ့ခနဲ ၊ ဝေ့ခနဲ သင်းပျံ့လာခဲ့သည် ။ သည်း
မဲစွာရွာသော မိုးနှင့် လေတို့ကြောင့် အစိမ်းရင့်ရင့် သစ်စိမ်းရွက်တို့သည်လည်း ကြွေကျလျက်နှင့်ပင် စည်းလုံး
မှုမရှိ ဦးတည်ရာမဲ့စွာဖြင့် ဟိုမှ သည်သို့ ပြေးလွှား ပြန့်ကြဲလျက် ရှိနေတော့သည် ။ ယခုဏက ငြီးငြူသံတို့လည်း
မိုးစက်တို့၏ကြားထဲ၌ပင် တိုးတိတ်စွာပျောက်ကွယ် သွားခဲ့ရပြီး ငြိမ်သက်စွာ လှဲလျောင်းအိပ်စက်သွားသူရဲ့
မျက်ခွံကြားမှာတော့ မျက်ရည်စက်လေးတစ်စက် လိမ့်ဆင်း လာပါသည် ။ အားအင်ကုန်ခမ်းလို့ နွမ်းလျနေတဲ့
ထိုသူ၏ ခန္ဓာကိုယ်ထဲက ဝိညာဏ်လေးဟာ ဘယ်ဆီကိုများ ချိုးဖျက်ထွက်ပြေးသွားခဲ့ပြီ်လဲ ။ နောက်ဆုံးတော့
လည်း သူ၏ သီးသန့်ကမ္ဘာလေးထဲမှာအားလုံးကို နှုတ်ဆက် ခဲ့ကာ ထွက်ခွက်သွားခဲ့လေသော အဖြစ်ကို
ချစ်သော သူ တစ်ယောက် သိရှိ နိုင်တော့မည် မဟုတ်တော့ပေ ။








အဝေးက “အမေ”


မမေ့သေးပါ “အမေ” တစ်ကွေ့လေးမှာ

ကျွန်တော် ယိမ်းယိုင်သွားတာ

မမေ့သေးပါ “အမေ” တစ်ငွေ့လေးပါ

ကျွန်တော် မူးယစ်နေခဲ့မိတာ

မမေ့သေးပါ “အမေ” တစ်နေ့လေးမှာ

ကျွန်တော် အသည်းကွဲခဲ့ရတာ

မမေ့သေးပါ “အမေ” တစ်မြည့်မြည့်နဲ့ပေါ့

ကျွန်တော် ကျွမ်းလောင်နေခဲ့ရတာ

မမေ့သေးပါ “အမေ” နေ့တစ်နေ့လေးမှာ

ကျွန်တော် “အမေ့”ဆီပြန်လာခဲ့မှာပါ

လွန်တာရှိဝန္ဒာမိလို့

“အမေ”ရှိရာ စဉ်သာသတိတရနဲ့

မြင်သာမိတာ အကြည်နာပြည့်ဝတဲ့ “အမေ”က

အခုတော့ ကျွန်တော်နဲ့ အဝေးမှာလေ........



MONKEY & TIGER

ကျားကတော့ အကောင်ပေါက်လေးပါ ။ ဒါပေမယ့် မျောက်ရဲ့ သတ္တိ ကတော့ ဒီ video လေးကြည့်ရင် သိမှာပါ ။ မိရင်တော့ အရိုးတစ်ခြား
အသားတစ်ခြား ဖြစ်မှာတော့ သေခြာပါတယ် :P










အပြောင်းအလဲ




နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…

မောင်စိန်ဝင်း (ပုတီးကုန်း)





အရောင်မဲ့နေသော ဟမ်းချိန်းလေး

“ မောင် ” ကျမ ပေးခဲ့တဲ့ ဟမ်းချိန်းလေးကို မောင့် လက်မှာ အမြဲ ပတ်ထားပေးပါနော် ............


မှတ်မှတ်ရရ ကျွန်တော့် မွေးနေ့ တစ်ရက်မှာ ချစ်သူ က လက်ဆောင်ပစ္စည်းတွေ အမှတ်တရ အဖြစ် ပို့ပေးခဲ့တယ် ။
အဲ့ဒီပစ္စည်းတွေထဲမှာ ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ၊ အသည်းပုံ သော့တွဲလေးတစ်တွဲ ၊ ချစ်သူရဲ့ ကာလာဓါတ်ပုံလေးကတစ်ပုံ ၊
ငွေ ဟမ်းချိန်းလေး တစ်ခု နောက်ပြီး စာလေးတစ်စောင် လည်းပါတယ် ။ အဖိုးမတန်ဘူးလို့တော့ ကျွန်တော်မပြောရဲဘူး ။
အဲ့ဒီတန်ဖိုးကို ကျွန်တော်သာ အသိဆုံး ။ မွေးနေ့ ပစ္စည်းတွေထဲက ဒိုင်ယာရီ စာအုပ်လေးကတော့ ကျွန်တော့်စာကြည့်
စာပွဲပေါ်မှာ အခန့်သားနေရာယူလို့ ထားပါတယ် ။ အသည်းပုံ သော့တွဲလေးကတော့ ကျွန်တော့် အခန်းသော့တွေနဲ့အတူ စီးနေကျ
ဆိုင်ကယ်ရဲ့သော့တွေကို ပေါင်းပြီး ခါးမှာ အမြဲချိတ်ထားလို့ သူငယ်ချင်းတွေကတောင် ရောဂါရှိလားလို့ မေးတဲ့အထိ ဖြစ်လာခဲ့ရတယ်။
ဓါတ်ပုံလေးကတော့ ကျွန်တော့် ကွန်ပျူတာထားတဲ့ စားပွဲရဲ့ထောင်လေးမှာ ပေါ့ ။ ဒါပေမယ့် ဟမ်းချိန်းလေးကတော့ ကျွန်တော်နဲ့
အတူတူ ရှိနေခဲ့လို့ ကျွန်တော့်ဘေးမှာ ချစ်သူလေး အမြဲရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ ဘယ်သွားသွား သူပါနေတော့တာပေါ့နော် ။
အလုပ်လုပ်တဲ့ အချိန်မှာလည်း သူရှိနေတယ် ၊ ထမင်းစားတဲ့နေရာမှာလည်း သူရှိနေတယ် ။ အဲ့ဒီလို ကျွန်တော်နဲ့ တတွဲတွဲ ရှိနေတတ်တဲ့
ဟမ်းချိန်းလေးက တစ်ရက် အလုပ်ကအပြန် “ ကာဆက် ” ဟိုင်းဝေးပေါ်မှာ ဆိုင်ကယ်မောင်းနေရင်း ကျွန်တော်သတိထားလိုက်မိတယ် ။
နဂိုကတည်းက ဟမ်းချိန်းရဲ့ ကလစ်ကလေးက ချောင်နေတယ် ဘယ်နေ့ ပြုတ်ကျသွားမလဲဆိုတာကို တွေးတွေးပြီး ပူနေမိရင်းက အခု သတိထား
ကြည့်မိလိုက်တော့ ဟမ်းချိန်းလေးမရှိတော့ဘူး ။ ကျွန်တော် ဝမ်းနည်းသွားတယ် ။ အချိန်ကလည်း ည ၁၁နာရီ ကျော်နေပြီ ။
တစ်ယောက်တည်း ရယ်...... ။ ပြန်ရှာဖို့ဆိုတာကလည်း မလွယ်ကူလောက်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ထွက်လာခဲ့တဲ့ ခရီးကတော်တော်
ဝေးနေပြီဖြစ်တာက တစ်ကြောင်း ။ နောက်ပြီး ဟိုင်းဝေးမှာ လမ်းကြောင်းပြောင်းပြန် ဆိုင်ကယ်ကိုမောင်းပြီး ပြန်ရှာရမှာဖြစ်တာက တစ်ကြောင်း ။
အဲ့ဒါက အန္တရာယ် အများဆုံးပဲလေ.... ဟိုင်းဝေးမှာက ကားတွေ ဆိုင်ကယ်တွေက ကီလို ၁၄၀ ၁၅၀ လောက် အနည်းဆုံး မောင်းနေကြတာ ၊
ကိုယ်က လမ်းကြောင်းပြောင်းပြန် မောင်းပြီး ဟမ်းချိန်းလေးကို ပြန်ရှာရမှာဆိုတော့ နောက်ဆုံး အက်ဆီးဒင့် မဖြစ်ရင်တောင်မှ အနည်းဆုံး
ရဲ ဖမ်းတာတော့ ခံရမယ်ဆိုတာ သိထားလိုက်တယ် ။ ဟမ်းချိန်းလေးက တန်ဖိုးမကြီးပေမယ့် ပြန်ဝယ်လို့မရတဲ့ အရာတွေ
အဲ့ဒီမှာ အများကြီး ၇ှိနေတာမို့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ် ။ အဲ့ဒါ စွန့်စားခြင်း အလုပ်တစ်ခုပါပဲ ။
ကျွန်တော်ဘာမှ တွေးမနေတော့ဘူး ။ ဆိုင်ကယ်ကို လာရာလမ်းဘက်ကို ပြန်ပြီး ဦးတည်လိုက်တယ် ။ လက်ယာလမ်းတစ်ဘက်ကို ကပ်ပြီး ဆိုင်ကယ်ကို
ဘီးလှိမ့်ယုံလောက်လာဖြေးဖြေးမောင်းရင်း ပျောက်သွားတဲ့ ဟမ်းချိန်းလေးကို ဆိုင်ကယ်မီးရောင် ရေးရေးအောက်မှာ လိုက်ရှာ နေတော့တာပေါ့။
အလုပ်ထဲမှာကျကျန်ခဲ့တာတော့ မဖြစ်နိုင်ဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး အလုပ်ပြီးလို့ အိမ်ပြန်ဖို့ ဆိုင်ကယ်ပေါ် မခွခင် ဂျာကင် အင်္ကျီ
ဝတ်နေတဲ့ အချိန်မှာတောင် ဟမ်းချိန်းလေးကို သတိထားမိသေးတယ် ..အဲ့ဒီအချိန်ထိ သူက ငြိမ်ချက်သားကောင်းကောင်းနဲ့ ရှိနေတုန်း ။ အဲ့ဒီလို
ဟိုင်းဝေးမှာ ဆိုင်ကယ်ဘီးဖြည်းဖြည်းလှိမ့်ပြီး ရှေ့ ၊ ဘေးတစ်ဖက်တစ်ချက် ဆီကို အာရုံစိုက်ရှာနေတုန်းမှာပဲ လျှပ်စီးလတ်သလို မီးရောင် က
ကျွန့်တော့ရင်ခုန်သံတွေကိုပို မြန်သွားစေခဲ့ပါတယ် ။ ဒါပေမယ့် အခုဏ လျှပ်စီး လတ်တဲ့ အရောင်တွေက အပြာရောင် ဖြစ်နေတော့ လှမ်းကြည့်
လိုက်တယ်ဆိုရင်ပဲ အရှေ့မှာ အခန့်သင့်စောင်နေတဲ့ ရဲကားတစ်စီးကိုစိတ်မကောင်းစွာ တွေ့လိုက်ရပါတယ် ။ မတတ်နိုင် ။ ကျွန်တော်လည်း
ဆိုင်ကယ် ကို ရပ်ပေးလိုက်တော့ ဝတ်စုံပြည့် ဝတ်ထားတဲ့ ရဲသား ၂ယောက် ကားထဲက ထွက်လာပါတယ်.။ နောက်ပြီး မလေးဘာသာစကားနဲ့
ကျွန်တော့ဆီိက လိုင်စင် တောင်းပါတယ် ။ မဆိုင်းမတွပဲ ထုတ်ပေးလိုက်တော့
“ မင်းဘာဖြစ်လို့ ဆိုင်ကယ်ကို လမ်းကြောင်း ပြောင်းပြန် စီးလာရတာလဲ ”
ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ
“ ဟမ်းချိန်းတစ်ခု ကျပျောက်သွားလို့ပါ ဆရာ ”
ထို ရဲသား ၂ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
“ ဟမ်းချိန်း.....ဟုတ်လား ....ဘာဟမ်းချိန်းလဲ ...“ ရွှေ ”ဟမ်းချိန်းလား ”
ကျွန်တော်က “ ငွေ ” ဟမ်းချိန်းဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ သူတို့ ၂ယောက်ရဲ့ မျက်နှာက မဲ့ရွဲ့သွားရင်း
“ ဒီိလောက် အန္တရာယ်ရှိတဲ့ ဟိုင်းဝေးလမ်းကြောမှာ ဘာဖြစ်လို့များ
တန်ဖိုးမရှိတဲ့ ဟမ်းချိန်းတစ်ခုကိုလိုက်ရှာနေရတာလဲ ... ပြန်ဝယ်လိုက်ပေါ့ကွာ ”
ကျွန်တော် ခေါင်းကို အတွင်တွင်ခါရမ်းပြီး .... ဒီ ဟမ်းချိန်းလေးဟာ ပြန်ဝယ်လို့ ရနိုင်ပေမယ့် ချစ်သူက ကိုယ့်အပေါ် ထားတဲ့ တန်ဖိုးနဲ့စေတနာ
ကို ဘယ်မှာရှာပြီး ပြန်ဝယ်လို့ ရမလဲလို့ မရဲတရဲနဲ့ မေးလိုက်မိတယ် ။ သူတို့ ၂ယောက် ကြည့်ရတာ စိတ်ရင်းစေတနာကောင်းမယ့်
ပုံ ဆိုတော့ ကျွန်တော်လည်း သူတို့ သနားသွားလောက်အောင် ပြောရတော့တာပေါ့ ။ ဒါကိုသဘောပေါက်သွားတယ်ထင်ပါရဲ့ သူတို့လည်း ကူညီပြီး
ရှာပေးမယ်လို့ ကျွန်တော့်ကို ပြောလာတယ် ...။ ဒါနဲ့ပဲ သူတို့ ၂ယောက်စလုံး ကားပေါ် ပြန်တတ်ပြီး ရဲကားရဲ့ ဝါယာလတ် အချက်ပြမီးကို ဖွင့်ပြီး
ဖြည်းဖြည်းချင်း ကားကို လှိမ့်ယုံလောက်ဖြင့်သာ နောက်ပြန်ဆုတ်ပြီး ကားမီးရောင်နဲ့ ဟမ်းချိန်းလေးကို ရှာစေခဲ့ပါတယ် ။ ရဲကားနဲ့ ကျွန်တော့်
ဆိုင်ကယ် မျက်နှာခြင်းဆိုင်ပြီး ဘီးလှိမ့်ယုံလောက်သာ ရှာနေရင်း ပူချွန်း ( KinRaRa ) လမ်းခွဲအရောက် မြောင်းနှုတ်ခမ်း လေးပေါ်မှာ မေးတင်ပြီး
ကျနေတဲ့ ကျွန်တော့် ဟမ်းချိန်းလေးကို ဝမ်းသာအားရစွာနဲ့ ပြန်တွေ့လိုက်ရတော့တယ် ။ ကျွန်တော့် ဝမ်းသာအားရစွာနဲ့ အောလိုက်တဲ့အသံကြောင့် ကိုရွှေ ရဲသား
၂ ယောက် ကားကို ရပ်ပြီး အပြေးအလွှား ရောက်လာကြပါတယ် ။ သူတို့လည်း စပ်ဖြဲဖြဲ မျက်နှာထားနဲ့ ။ သူတို့လည်း ကျွန်တော်ပျော်လို့ ရောယောင်
ပျော်နေကြလေရဲ့ ။ ဒါနဲ့ပဲ ကျွန်တော် ကျေးဇူးတင်စကားပြောလိုက်ပြီး အိတ်ထဲက ပိုက်ဆံ RM ၅၀ တန် ၂ရွက် ထုတ်ပေးလိုက်တော့ သူတို့
မယူဘူးဆိုတဲ့ အမူအယာမျိုးနဲ့ အတင်းငြင်းကြတယ် ။ ကျွန်တော်ကပဲ တရားဟော ကောင်းခဲ့တာလား ဒါမှမဟုတ် သူတို့ကပဲ တကယ်ကိုချင်းစာ
စိတ်နဲ့ ကူညီခဲ့ကြတာလား ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်လွန်းလို့ ပိုက်ဆံ ထုတ်ပေးတာတောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ငြင်းနေလိုက်ကြတာများ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး ။ နောက်ဆုံး လ္ဘက်ရည်ဖိုးတော့ ယူသွားပါလို့ အတင်းပြောတော့မှ
RM ၅၀ တန်တစ်ရွက်ပဲယူပြီး ကျွန်တော့်ကို သူတို့ ဖုန်းနံပါတ်တစ်ခုပေးခဲ့တယ် ။ နောက် အကူအညီလိုရင် ဆက်ပါတဲ့ ။ ဘာပဲ ဖြစ်ဖြစ်ပေါ့
အခုလို ကူညီခဲ့တဲ့ သူတို့ကိုတော့ ကျွန်တော် ကျေးဇူးအရမ်း တင်နေမိတော့တယ် ။ သူတို့ ထွက်သွားပြီး ကျွန်တော်လည်း ဟမ်းချိန်းလေးကို
လက်မှာ မပတ်ရဲတော့လို့ အိပ်ထဲ ထည့်ပြီး ဆိုင်ကယ်မောင်းရင်း အိမ်ပြန်လာခဲ့တော့တယ် ။ လမ်းမှာတော့ တွေးနေမိတယ် ။ အခုလို
ဟမ်းချိန်းလေး ပျောက်သွားတာ နမိတ်မကောင်းဘူးဆိုပြီး စိတ်တထင့်ထင့်နဲ့ပေါ့ ။ နောက် ၂ ရက် အကြာမှာ ချစ်သူ ဆီက mail လေးတစ်စောင်
ရောက် လာတယ် ။ ကျွန်တော်အားရဝမ်းသာစွာနဲ့
ဖတ်လိုက်တော့..............

“ မေ့လိုက်ပါ ”

အကြိမ်ကြိမ်စဉ်းစားပြီးမှ ဒီစာကိုရေးလိုက်ပါတယ်..
အရင်ကတည်းကလည်း သိပြီးသားပါ..မဖြစ်နိုင်ဘူးဆိုတာ
ဘယ်လိုမှမဖြစ်နိုင်တော့လို့ အားလုံးကို မေ့လိုက်ပါ..
အမုန်းမရှိပါ..

စာလေးက အရမ်းကို တိုလွန်းပါတယ် ။ ထိချက်ပြင်းလွန်းတဲ့ အဲ့ဒီစာလေးကို နောက်တစ်ခေါက် ထက် ဖတ်ဖို့ ကျွန်တော့်မှာ အင်းအားမရှိတော့ပါ
ဘူး ။ သူ့ဘဝမှာ ကျွန်တော် တကယ်မလိုအပ်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဘာဖြေရှင်းချက်တစ်ခုမှ မတောင်းဆိုတော့ပဲ သူနဲ့
အပြီးပိုင် လမ်းခွဲ ခဲ့ကြတာ ဒီနေ့ ဒီအချိန်ထိပါပဲ ။ ဒါပေမယ့် နှစ်တွေအတော်ကြာသွားခဲ့ပေမယ့် အရောင်အဆင်းမဲ့နေတဲ့ ဟမ်းချိန်းလေးကတော့
ကျွန်တော့် လက်ပေါ်မှာ နေရာယူထားစဲပါ ။





Hannah Montana Miley ( The Climb )

အလွမ်း ဒိုင်ယာရီ


ကြာတော့ ကြာခဲ့ပါပြီလေ...
" ချစ်မိုးညို " ဆိုတဲ့ နာမည်လေးကို " အလွမ်း " ကပဲ စပြီးပေးခဲ့တာပါ ။ အထက်တန်းကျောင်းသား ဘ၀မှာ ကျွန်တော် အခင်ဆုံး ၊ သံယောဇဉ် အရှိဆုံး သူတစ်ယောက်ကတော့ " အလွမ်း " ဆိုတဲ့ ကောင်မလေး တစ်ယောက်ပါပဲ ။ ငယ်စဉ်ကတည်းက အတူသွား အတူလာ ၊ ကျောင်းဆိုရင်လည်း တစ်ကျောင်းထဲ ၊ တစ်တန်းထဲ ၊ တစ်ခန်းထဲ မို့ " အလွမ်း " နဲ့ ကျွန်တော်ဟာ သာမန် ခင်မင်မှုထက် သံယောဇဉ်တွေပိုတဲ့ အချစ်ဆုံး သူငယ်ချင်းတွေပေါ့ ။ " အလွမ်း "က အတန်းထဲမှာ စာတော် သလောက် ၊ ကျွန်တော်က ပညာရေးဘက်မှာ အတော်လေးကို ညံ့ဖျင်းခဲ့တယ်လို့ ဆိုရမှာပေါ့ ။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ထားတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့် " အလွမ်း " ရဲ့ ဆုံးမမှုကို မကြာခဏ ခံရတတ်ပါတယ် ။ နောက်ဆုံးတော့လည်း ရည်းစားတစ်ယောက်နဲ့ပြတ်သွားတိုင်း ၊ မျက်ရည်တွေ မျက်လုံးအိမ်မှာ ပြည့်သိပ်ပြီး "အလွမ်း " အနားကို ပြန်ရောက်လာတဲ့ အခါတိုင်း ကျွန်တော့် ရဲ့ ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပေးရင်း

" ဒါဆို.......နင် အချစ်ကြောင့် မျက်ဝန်းမှာ မိုးတွေ ညိုလာခဲ့တာပေါ့ နော်......" လို့ သူက နောက်ပြောင်အမည်ပေးရင်းက သူရဲ့နှုတ်ဖျားမှာ ကျွန်တော်ဟာ " ချစ်မိုးညို " လို့ ဖြစ်လာခဲ့ရပြန်ပါတယ် ။

ပညာရေးထက် ကြီးပွားချမ်းသာရေးကိုသာ အမြဲတမ်း ခေါင်းထဲထည့်စဉ်းစားတတ်တဲ့ ကျွန်တော့် အကျင့်ကြောင့် " အလွမ်း"နဲ့ ကျွန်တော် မကြာခဏ စကားများဘူးတာကလွဲရင် အခင်အမင် ဆက်ဆံရေးကတော့ မပျက်ခဲ့ပါဘူး ။
" ငါတို့ အရွယ်က ပညာသင်ရမယ့် အရွယ်ဟ....ပညာတတ်ကြီးဖြစ်ပြီးမှ...ကိုယ်တတ်တဲ့ ပညာနဲ့ အလုပ်လုပ်ချင်လား ၊ ဒါမှမဟုတ် စီးဟွးရေး တစ်ခုခုလုပ်ချင်လား....အဲ့ဒီ့အချိန်ကျရင် နင်ဘာပဲ လုပ်လုပ် ငါ မတားပါဘူး ......."
" အလွမ်း " ရဲ့ စေတနာကို နားလည်ခဲ့ပေမယ့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို မရ ရအောင် လုပ်တတ်တဲ့ အကျင့်ကပဲ ကျွန်တော်တို့ နှစ်ယောက်ကို ပို၍ ဝေးကွာသွားစေခဲ့သလားဆိုတာကို နောက်မှပဲ နောင်တတွေနဲ့ ကျွန်တော် သိခဲ့ရပါတယ် ။

နောက်ဆုံး (၁၀)တန်း စာမေးပွဲကိုလည်း "အလွမ်း" ရဲ့ ကျေးဇူးကြောင့် ကျွန်တော် စိတ်မပါစွာနဲ့ အောင်မြင်ခဲ့ရပါတယ် ။ အဲ့ဒီနေ့က "အလွမ်း" လည်းပျော်သလို ကျွန်တော်လည်း ဘုမသိဘမသိနဲ့ ပျော်ခဲ့ကြတယ် ။
ကိုယ့်အနားမှာ အလွန်တရာမှ ချစ်စရာကောင်းတဲ့ "အလွမ်း" ဆိုတဲ့ကောင်မလေးတစ်ယောက် ရှိနေတာ သတိမထားခဲ့မိတာလား ၊ ဒါမှမဟုတ် မခံစားခဲ့မိတာလား မပြောတတ် ၊ " အလွမ်း " က သူ့ကို ရည်းစားစာ ပေး ၊ ရည်းစားစကားလိုက်ပြောနဲ့ သူတွေ ရှိနေတယ်ဆိုတဲ့ အကြောင်း ပြောလာတဲ့တစ်နေ့မှာ အမျိုးအမည်မသိတဲ့ ရောဂါ တစ်ခု စွဲကပ်ခြင်း ခံရလိုက်တယ် ။ ထားခဲ့သမျှ ရည်းစားတွေနဲ့ ပြတ်သွားတိုင်း အခုလို ပူပူလောင်လောင် ပြင်းပြင်းထန်ထန် မခံစားခဲ့ရပေမဲ့ ၊ " အလွမ်း " နဲ့ကျတော့မှ တစ်ခုခုကို နှမျောတွန့်တိုနေတာလား (သို့) သူ့ကို ဆုံးရှုံရမှာ တွေးကြောက်နေတာလား ဆိုတာတွေးရင်း ရှည်လျှားလှတဲ့ ညပေါင်းများစွာကို အားအင်ချည့်နဲ့စွာနဲ့ ဖြတ်သန်းခဲ့ရပြန်တယ်လေ ။

ကျွန်တော့်ရဲ့ "အထာ" တော်တော်များများကို သဘောပေါက်ထားတဲ့ "အလွမ်း" က ၊ တရှောင်ရှောင် လုပ်နေတဲ့ ကျွန်တော့်ဆီကို မကြာခဏ ရောက်လာတတ်ပါတယ် ။ သံယောဇဉ်ထက်ပိုတဲ့ ကျွန်တော်ရဲ့ ချစ်ခြင်းမေတ္တာကိုရော သူ ယုံနိုင်ပါ့မလား ၊ သူ ကျွန်တော့်ကို မုန်းသွားမလား ၊ ကျွန်တော်ဘာလုပ်ရမလဲ ၊ ဘာလုပ်သင့်သလဲ စတဲ့ မေးခွန်းပေါင်းများစွာဟာ ကျွန်တော့် ရင်ကို အရှိန် ပြင်းပြင်းနဲ့လာစောင့်နေတဲ့ မြင်းရိုင်းရဲ့ ခွါသံတွေ လိုပါပဲ ။

သိပ်မကြာပါဘူး.....မွန်းကြပ်နေတဲ့ နှလုံးသားတစ်စုံရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ကျွန်တော် "အလွမ်း"ကို " ချစ်တယ် " လို့ ဖွင့်ပြောလိုက်တဲ့နေ့ကပေါ့.... သူငိုတာ တစ်ခါမှ မမြင်ဘူးခဲ့ပေမယ့် ကျွန်တော် ချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့အချိန်မှာပဲ သူမရဲ့ မျက်နှာမှာ အံ့သြခြင်း ၊ ထိတ်လန့်ခြင်း ၊ မမျှော်လင့်ထားခြင်းတွေနဲ့အတူ အပြာရောင်သွေးကြောလေးတွေ ယှက်ဖြာနေတဲ့ ပါးပြင်ပေါ်ကို မျက်ဝန်းမှတစ်ဆင့် အရည်ကြည်လဲ့လဲ့လေးတွေ လိမ့်ဆင်းလာတာကို တွေ့လိုက်ရပါတယ် ။ ပြီးတော့ ရှိုက်ကြီးတစ်ငင်ငင်နဲ့ ငိုချလိုက်တော့ ကျွန်တော် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရ ပြန်တယ်လေ ။ " အလားကား.. နင့်ကို နောက်တာပါ " လို့ ပြောရင်ရော သူ ယုံနိုင်ပါ့မလား ။ ဖွင့်ပြောလိုက်မိတာပဲ မှားသွားလေသလားဆိုတဲ့ အတွေးနဲ့ ခေါင်းက ဆံပင်တွေကိုပွတ်သပ်ထိုးဖွရင်း ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေမိပါတော့တယ် ။
" နင်.....ငါ့ကို တစ်ကယ်ချစ်တာရော ဟုတ်လို့လား မိုးညို "......... အချိန်အတော်ကြာ မနည်းချော့မော့ရင်း အငိုတိတ်သွားလောက်တော့မှ လုံးလုံးထွေးထွေးရှိလှတဲ့ " အလွမ်း " ရဲ့ စကားသံ သဲ့သဲ့ကို ကျွန်တော်ဝမ်းသာအားရစွာနဲ့ ကြားလိုက်ရပါတော့တယ် ။ကျွန်တော့်ရင်ထဲမှာ ၀မ်းသာ လုံးဆို့ပြီး ဘယ်လို ပြန်ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပြန်တယ်လေ.....။

အဲ့ဒီနေ့ဟာ ကျွန်တော့်ဘ၀အတွက် ခေါင်းမှာရော နှလုံးသားမှာပါ သေရာပါ အမာရွတ်ကျန်အောင် အမှတ်တရ ဖြစ်ခဲ့ရတဲ့ နေ့တစ်နေ့ ဆိုလည်း မှားမယ် မထင်ပါဘူး ။ "အလွမ်း" ကို အိမ်ပြန်ပို့ပေးပြီးအပြန် သူတို့အိမ်နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ဘယ်အချိန်ကတည်းက ကျွန်တော့်ကို မျက်မုန်းကျိုး နေမှန်းမသိတဲ့ လူတစ်စုရဲ့ ၀ိုင်းဝန်းပြုစုမှုကို ရုတ်တရက် ခံလိုက်ရပါတယ် ။ ခေါင်းကို ခွပ်ခနဲ မြည်အောင်ရိုက်ခံလိုက်ရတဲ့ ဝေဒနာကတော့ ပြောပြလို့ မတတ်အောင်ပါပဲ ။ လက်တွေ့ကျကျ ခံစားဘူးမှ သိရတော့တယ် ။ ကြယ်တွေ ၊ လတွေရယ် မဟုတ်ပါဘူး ရှေးနှစ် သန်းပေါင်းများစွာက ဗီးနပ်စ်ရဲ့ ရုပ်ထုပေါင်းများစွာကိုပါ အကြိမ်ကြိမ် မြင်တွေ့ခွင့် ရလိုက်ပြန်ပါတယ် ။

အချိန် ဘယ်လောက်ကြာကြာ သတိမေ့သွားခဲ့တယ်ဆိုတာ မသိပေမယ့် သတိရလိုက်ချိန်မှာတော့ " အလွမ်း "တို့ အိမ်ရဲ့၊ အိပ်ခန်း တစ်ခန်းထဲကို ရောက်ရှိနေခဲ့ပါတယ် ။ အဲ့ဒီ အချိန်ကစပြီး သူရဲ့ သနားတတ်တဲ့စိတ် ၊ ပြီးတော့ အနေနီးစပ်မှုနဲ့ အချိန်ကာလပေါ်မူတည်ပြီး ဖြစ်ပေါ်လာခဲ့ရတဲ့ သံယောဇဉ်တွေကြောင့်ပဲ " အလွမ်း " နဲ့ ကျွန်တော်ဟာ ချစ်သူတွေ ဘ၀ကို ရောက်ရှိလာခဲ့တော့တယ် ။

ဒီလိုနဲ့ ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ နေ့ရက်တွေကို တစ်နှစ်ပြီး တစ်နှစ် ကျွန်တော့် ချစ်သူ " အလွမ်း " နဲ့ အတူ ဖြတ်သန်းခွင့် ရခဲ့ ပါတယ် ။ အခြေအနေ အကြောင်း ကြောင်းကြောင့် တက္ကသိုလ် ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြန်တော့ နိုင်ငံရပ်ခြားမှာ အလုပ်အရမ်းလုပ်ချင်တဲ့ ကျွန်တော့်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့ပြန်တယ်လေ ။
"အလွမ်း"က ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းအတူတူ ဆက်တတ်ဖို့ နားချပေမယ့် ကျွန်တော်ကတော့ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို တစ်ပဲသားမှ အလျှော့မပေးခဲ့ခြင်းဟာ " အလွမ်း" နဲ့ ဝေးဖို့အတွက် ကံကြမ္မာကဖန်လာတဲ့ ဇာတ်ကွက်တစ်ခုသာ ဖြစ်လာခဲ့ရလေတယ် ။
ကျွန်တော့် ခံယူချက်က ကျွန်တော့် ဦးလေးတစ်ယောက်ရှိနေတဲ့ နိုင်ငံ တစ်နိုင်ငံမှာ အလုပ်လုပ်မယ် ။ သူနဲ့ အမြန်နီးစပ်ဖို့အတွက် ပိုက်ဆံ အမြန်ရှာပြီး ရည်မှန်းချက်တွေပြည့်ရင် " အလွမ်း" ကို လက်ထပ်မယ် ၊ တင့်ကောင်း တင့်တယ်ထားမယ် ဆိုတဲ့ ဆန္ဒတစ်ခုပါပဲလေ ။ ဒါပေမယ့် " အလွမ်း "ကလည်း သူ့အနားမှာ ကျွန်တော့်ကို ရှိစေချင်သလို ဘွဲ့ရ ပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့တာ သူ့ရဲ့ ဆန္ဒနဲ့ စေတနာပါ ။ အဲ့ဒီမှာတင် "အလွမ်း" နဲ့ ကျွန်တော့်ရဲ့ မတူညီတဲ့ ခံယူချက်တွေကြောင့် ရင်ထဲမှာ စိတ်ခုစရာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေဟာ လက်ယပ် မခေါ်ပဲ သူ့အလိုလို တန်းစီပြီး ၀င်လာခဲ့ပြန်တယ် ။

ပိုဆိုးတာက ကျွန်တော် နိုင်ငံခြားသွားဖို့ တိတ်တိတ်ကလေး ကြိတ်လုပ်နေခဲ့တာကို မမျှော်လင့်ပဲ " အလွမ်း " သိသွားတာက စ တယ်လို့ ဆိုရမှာပေါ့နော် ......။ အဲ့ဒီနေ့က " အလွမ်း "ရဲ့ဒုတိယ အကြိမ်မြောက် ရှိုက်ကြီးတစ်ငင်ငင် ငိုကြွေးမှုကို ကျွန်တော် စိတ်မကောင်းစွာနဲ့ မြင်တွေ့လိုက်ပါတယ် ။ ကျွန်တော် ထင်မထားခဲ့ပါဘူး ။ ဒီကနေ့ တွေ့ဆုံခြင်း ၊ ဒီကနေ့ သူ့ရဲ့ ငိုကြွေးခြင်းတွေဟာ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမျှ ထင်မထားခဲ့သလို ၊ ဘယ်တုန်းကမှလည်း မတွေးရဲခဲ့ပါဘူးလေ ။

နိုင်ငံခြား သွားဖို့ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတဲ့အပေါ်မှာ သူနဲ့တွေ့ဆုံဖို့ အချိန်တွေကို ရင်နာနာနဲ့ ပဲ လက်လွှတ်ဆုံးရှုံးခံခဲ့ရတယ် ။ ဒါပေမယ့် သတိရခြင်းတွေကတော့ ရင်နှင့် အမျှပါပဲလေ ။ နိုင်ငံခြားသွားဖို့ ဗီဇာ ကျပြီးတဲ့နောက် " အလွမ်း " ဆီကို သွားမှ "အလွမ်း" တစ်ယောက် အိမ်မှာ မရှိတာ တစ်ပတ်လောက်ရှိပြီ ဆိုတဲ့ အကြောင်းရယ် ၊ သူ့အမျိုးတွေရှိတဲ့ ပြင်ဦးလွင်မှာ ပျော်သလောက် နေမယ်ဆိုတဲ့ အကြောင်းလောက်သာ ကျွန်တော်သိခဲ့ရတယ် ။ သွားရမယ့် ရက်က နီးနေတာမို့ သူ့ဆီကိုလိုက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် သလို မပြတ်သေးတဲ့ အလုပ်ကိစ္စတွေကြောင့်ပဲ ကျွန်တော်စိတ်လျှော့လိုက်ရတယ် ။

နောက်ဆုံး နိုင်ငံခြားကို ထွက်ခွါဖို့ အချိန်တိုလေး အတွင်းမှာတောင် ကျွန်တော်သူ့ကို အပြည့်အ၀မျှော်လင့်တောင့်တနေမိပါသေးတယ် ။ ဒါပေမယ့် ကျွန်တော် "အလွမ်း"ကို နှုတ်ဆက်ခွင့်မရခဲ့ပါဘူး ။ ခဏတာ ခွဲခွါရတော့မယ်ဆိုတဲ့ အချိန်လေးမှာတောင် ကျွန်တော့် ရင်ထဲ မှာ မချိတင်ကဲ ထိခိုက်နာကျင်ခဲ့ရရင် " အလွမ်း" အဖို့ရော၊ သူဘယ်လောက်ထိခံစားနေရမှာလဲ.ဆိုတာ ကျွန်တော် တွေးကြည့်လို့ ရပါတယ်လေ .......။

ဟို.ရောက်ပြီး ကျွန်တော့်ဘက်က အမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် ...သူ ကျွန်တော့်ကို အဆက်သွယ်မလုပ်တော့ပါဘူး ။ ဖုန်းဆက်လည်းမကိုင် ၊ စာတွေရေးလည်း သူ့ဆီက ဘာ စာတစ်စောင်မှပြန်မလာခဲ့ပါဘူး ။ သူ စိတ်ကောက်လည်း ခဏပဲလို့ ထင်ထားခဲ့ပေမယ့် လတွေ နှစ်တွေသာ အလီလီပြောင်းသွားခဲ့တယ် ။ သူ့သတင်း သူ့ အခြေနေကို ဘာတစ်ခုမှ မကြားရတော့ပါဘူး ။ " အလွမ်း" ကျွန်တော့ကို တကယ်ပဲ မုန်းသွားပြီပေါ့နော် .......။

နောက်ဆုံး မမျှော်လင့်ပဲ ကြားခဲ့ရတဲ့ သတင်းကြောင့် ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရတယ် ။ ကျွန်တော် နိုင်ငံခြားကို ရောက်ပြီး တစ်လ လောက်မှာကတည်းက "အလွမ်း "က သူ့အမျိုးတွေရှိတဲ့ ပြင်ဦးလွင်မှာ ကား အက်စ်စီးဒင့် နဲ့ ဆုံးပါးသွားခဲ့ရတယ်ဆိုတဲ့ သတင်းပါပဲ ။ ၂နှစ်ကျော်ကြာပြီး မှ ကျွန်တော် သိခဲ့ရတာရယ် အားလုံးက မဖြစ်မနေ အသိပေးရမယ့် ကိစ္စတွေမှာ ဘာဖြစ်လို့ ဖုံးကွယ်ထားရတာလဲဆိုတဲ့ အချက်တွေကြောင့် ကျွန်တော်ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး ။ မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းနေမိပါတယ် ။ ဒါပေမယ့် ကျွန်တော်မဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ကံကြမ္မာက ရက်ရက်စက်စက် ဖြည့်ဆည်းပေးခဲ့တယ်လေ ။

ကျွန်တော်တို့နှစ်ယောက်ရဲ့ ကြီးမားတဲ့ သံယောဇဉ် နဲ့ နက်ရှိင်းတဲ့ မေတ္တာတရားကို သိထားကြတာကတစ်ကြောင်း ၊ နိုင်ငံခြားကို စ ရောက်ခါစ ရှိသေးတာကတစ်ကြောင်း ၊ ကျွန်တော် စိတ်ထိခိုက်မှာ စိုးတာကတစ်ကြောင်း ၊ အကြောင်းပေါင်း မြောက်များစွာတို့ကြောင့် ကျွန်တော့်မိဘ တွေနဲ့ " အလွမ်း " ရဲ့ မိဘတွေက အခုလို" အလွမ်း" ဆုံးပါးသွားတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်မသိအောင် ဖုံးကွယ်ထားကြောင်းကို ရိုးသားစွာ ၀န်ခံ ခဲ့ကြတယ်လေ...။ ဘယ်လိုမှ ထိန်းထားနိုင်စွမ်း မရှိတော့တဲ့ ကျွန်တော့်ရဲ့ တန်ဖိုးမဲ့လှတဲ့ မျက်ရည်တွေကို " အလွမ်း " ရဲ့ အကောင်းပကတိ ဘ၀တစ်ခုနဲ့ ဘယ်လို အစားထိုးလဲလှယ်လို့ ရပါတော့မလဲ ။ ရင်ထဲမှာတော့ ဖြေသိမ့်လို့ မရနိုင်တော့တဲ့ ၀မ်းနည်းခြင်း ၊ ယူကြုံးမရတဲ့စိတ် ကိုယ့်ကိုကိုယ် ဒေါသဖြစ်နာကျည်းတဲ့ စိတ်တွေနဲ့ အတူ အလွမ်းနောင်တတွေဟာလည်း တစ်သက်လုံး တွယ်ငြိကပ်ပါ လာပါတော့တယ် ။







၂၀၀၉ ခုနှစ် ချစ်မိုးညို ဘလောက်ခ် မှာ ( ချစ်မိုးညို ကလောင်နာမည် ) နဲ့ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ဝထ္တုတိုလေးပါ ။




Shin Phone(Yinn Khone Khae Meet Thu)






ဝေဒနာ ပြပွဲ


တကယ်မြတ်နိုး မေတ္တာတိုးလို့


ချစ်ခဲ့မိတဲ့ ကျွန်တော်


ဝေဒနာတွေမိုး အလွမ်းတွေ


တနင့်တပိုးနဲ့ “ သူ ” ထားခဲ့ ရက်တယ် ။


တားမရတဲ့ ချစ်စိတ် ဖိတ်အံခဲ့မိတဲ့ ငါ


အခုတော့ အက်ကြောင်းအထပ်ထပ်


သွေးအပျက်ပျက်နဲ့

လှည်းစားရက်စက် မင်းပေးခဲ့တဲ့


အိပ်မက်တွေထဲကနေ


နိုးထခွင့်ပေးပါ ခင်။



TAYLOR`S COLLEGE













အခန်းကျဉ်းလေးထဲ


ငါ.....တိတ်တိတ် လေးကြေကွဲနေတာ
ဘယ်သူမှ သိစရာမလိုဘူး............
ငါ......မျှော်လင့်ခဲ့တာ
နင့်ကို ချစ်နေရယုံ လေးတင်ပါ
နင်မရှိတဲ့အခါ နာရီဟာ
အသေကောင်လိုပဲ
အနမ်းတွေဟာ...ငါ့အတွက် ( စိတ်ကူးနဲ့တောင် )
အခါခွင့် မရှိခဲ့ဘူး
ငါ့ရဲ့ မြတ်နိုးမှုနဲ့ ချစ်ခြင်းတွေ ( တစ်သက်စာ )
ကောက်ကောက် ပါသွားခဲ့တာ........
နင်ပေးခဲ့တဲ့ ငါ့အသည်းဟာ
ဒဏ်ရာတွေ ကွက်လပ်တောင်မကျန်ခဲ့တော့ဘူး
နင့်ရဲ့ အကြည့်တစ်ချက်
ငါ့ တစ်သက်စာ သိမ်းထားရယုံလေးတင်ပါ
နင်တကယ်ပဲ မသိခဲ့တာလား ငါ့မှာ မျှော်လင့်ရင်း အရူးရင့်
ငါ့ အတွေးထဲတောင်
မင်းက ရက်စက်ခြင်းတွေပဲ သယ်ဆောင်လာခဲ့လေသလား
ချစ်သူ......တမ်းတရ ယုံလေးပါ
ငါဆက်တွေးနေဦးမှာပဲ
မင်းအတွက် ငါ့ရဲ့ရင်မှာ
ဆတ်ဆတ်ခါ နာကျင်နေလဲ ချိုမြနေဆဲပါ ချစ်သူ.......
ပတ်သက်ရရုံလေးတင်ပါ
အိပ်မက်တိုင်းမှာ နင်သာ ရှိခဲ့ရင်
ညတွေကိုပဲ တစ်သက်လုံး ငါ စားသုံးနေလိုက်မယ်.......
ရိုးရိုးလေးဖွင့်ဟချင်တယ်
နောက်ဆုံးဖြစ်ဖြစ် မင်းရင်ဘတ်နဲ့ နားထောင်ပေးခဲ့ပါ
မင်းအတွက် စနစ်တကျ သိမ်းထုတ်ထားခဲ့တာ
အဖြူရောင်သက်သက်ပါ
သေချာဆုံးက နင့်ကိုငါ အရိုးသားဆုံး ချစ်ခဲ့တာ
နင်သိစရာလဲ မလိုဘူး ချစ်သူ
နင့်ကြောင့် ငါသေးဆုံးခဲ့ရရင်တောင်
လွမ်းနေဦးမယ့် ကောင်ပါ....................