this site the web

နင့် ကိုချစ်တယ်


အကြည့်တစ်ချက် ဆိုယုံလောက်နဲ့

ငါ နင့်ကို ရင်မခုန်သင့်ပါဘူး.........

အမှတ်တမဲ့ ဆုံဆည်းခွင့် ရယုံနဲ့

ငါ နင့်ကို မချစ်သင့်ပါဘူး ............

နင့် အပြုံးလေး မြင်လိုက် ရယုံ နဲ့

ငါ တဒင်္ဂ လောကကို မမေ့သင့်ပါဘူး.........

တစ်ရက် မတွေ့လိုက်ရ ယုံနဲ့

ငါ နင့်ကို လွမ်းမနေသင့်ဘူး.............

မဖြစ်စလောက် ချစ်မိသွား ယုံလောက်နဲ့

ငါ့ နှလုံးသားမှာ အမြစ်မတွယ်သင့်ဘူး...............

အခုတော့ ...........

နင့် အကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့

ငါ့ ရင်ထဲက နှလုံးခုန်နှုံးတိုင်းမှာလည်း

နင့် နာမည် ပဲကြားကြားနေရတယ်

ငါ နင့်ကို သိပ်ချစ်မိသွားပြီ ကွာ ............။



yoe ko ko

ငယ်ချစ်ဦး


မရောက်တာကြာ ဒီနေရာမှာ

ဆုံတွေ့ခဲ့ကြ ချစ်သူဘဝဝယ်...

အပျော်လေထဲ ရွက်လွှင့်ခဲ့ဘူးတယ်...

ရော်ရွက်ဝါကြွေ လေပြေအေးအေး

တိုက်ခတ်ခါစဉ် အနမ်းလေးတစ်ပွင့်

ပန်းလေးအဖြစ်နဲ့ ဒီနေရာမှာ

ကြွေကျခဲ့ဘူးတယ် ...

သြော် ...အခုတော့

မဆုံနိုင်မှန်း သိပါလျက်နဲ့

တွယ်တာမြတ်နိုး ဒီသံယောဇဉ်ကြိုးကို

ဖြတ်တောက်ဖို့ ဆိုတာလည်း

ခက်လှပါတယ် ငယ်ချစ်ဦး ရယ် ..........။


yoe ko ko

Michael Buble ( HOME )

ကျွန်တော့်ရဲ့ ညီမငယ် အတွက် သီးချင်းလေးပါ :)






yoe ko ko

ဆက်ချစ်ခွင့်


သူငယ်ချင်းတဲ့ .................

ကျော်ထွက်ခွင့် မရှိတဲ့ စည်းဝိုင်းတစ်ခုထဲ

တိတ်ဆိတ်စွာ ရင်ခုန်ခဲ့ရတဲ့သူပါ .....

နှစ်တွေကဟောင်း ရာသီတွေပြောင်းလဲခဲ့ပေမယ့်

နင့်နားမှာ အားပေးမှုတွေနဲ့အတူ

ငါပျော်ခဲ့ရဘူးတယ် .....။

“ နင့်ကို ငါအရမ်းချစ်လိုက်တာ .......”

စိတ်ကူးပြီး ရူးခဲ့ရတဲ့ အိပ်မက်တွေမှာ

ငါ မရိုးနိုင်အောင် အကြိမ်ကြိမ်ပြောခဲ့တဲ့

ဒီရင်ထဲက စကား နင် မကြားပေမယ့်

ရင်ထဲမှာဆက်ချစ်နေခွင့်တော့ ရှိတယ် ........ ။



yoe ko ko

ဟိန်းဝေယံ အဖေနှင့် ဝိုင်းစု ဖုန်းပြောကြခြင်း ( အသံဖိုင် )


Recently, U Win Ko, Actor Hein Wai Yan's Dad, said Popular Journal that he wants his son to meet with a lover who can be a good house wife, who can maintain their family life very well and who can really understand on him and his career. U Win Ko also added that he feels very proud of his son who becomes a popular star in Myanmar filming industry although he is still young. However, U Win Ko didn't response anything to the Audio file of phone conversation between Wyne Su Khine Thein and him which was spread on Internet. Actor Hein Wai Yan entered into Myanmar Entertainment Industry as a Actor when he was 16 years old and he is 22 Years Old now.




http://www.myanmarcelebrity.com မှကူးယူဖော်ပြပါသည်






yoe ko ko

ဘဝပန်းတိုင်


နှစ်ဟောင်းက အရာတွေ
ဝေဝါးစွာနဲ့ ကျန်ရစ်
နှစ်သစ်မှာ အတွေးသစ်နဲ့
ခရီးဆက်ရအုံးမယ် .....
ရှည်လျှားတယ် ထင်ရတဲ့
ဒီလူ့ဘဝ
သြော် ....ကိုယ်ပြုခဲ့သမျှတွေ
တွေးကြည့်လိုက်တော့
ဘာ..တစ်ခုမှ အကောင်းမရှိ
ပြောင်းလဲ မရတဲ့ ဒီစိတ်ဓါတ်
ဟောင်းနွမ်းနေခဲ့ရတဲ့ ငါ့
အိပ်မက်တွေ
အမှန်တကယ် ဖြစ်လာဖို့
လိုအပ်ပြီ...................
ဒါကြောင့်
အ“စ”ကောင်းမှ အနှောင်းသေချာ
မရေရာတဲ့ ဘဝကို ရုန်းထွက်
အရှုံးအမြတ်ကိုလည်း မတွက်နဲ့
အောင်မြင်မှု လက်တစ်ကမ်း
လက်လှမ်းကာ ယူနိုင်မှ
ဘဝ ပန်းတိုင်ဆိုတာ
ရောက်မှာပေါ့ ။



yoe ko ko