
အကြည့်တစ်ချက် ဆိုယုံလောက်နဲ့
ငါ နင့်ကို ရင်မခုန်သင့်ပါဘူး.........
အမှတ်တမဲ့ ဆုံဆည်းခွင့် ရယုံနဲ့
ငါ နင့်ကို မချစ်သင့်ပါဘူး ............
နင့် အပြုံးလေး မြင်လိုက် ရယုံ နဲ့
ငါ တဒင်္ဂ လောကကို မမေ့သင့်ပါဘူး.........
တစ်ရက် မတွေ့လိုက်ရ ယုံနဲ့
ငါ နင့်ကို လွမ်းမနေသင့်ဘူး.............
မဖြစ်စလောက် ချစ်မိသွား ယုံလောက်နဲ့
ငါ့ နှလုံးသားမှာ အမြစ်မတွယ်သင့်ဘူး...............
အခုတော့ ...........
နင့် အကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့
ငါ့ ရင်ထဲက နှလုံးခုန်နှုံးတိုင်းမှာလည်း
နင့် နာမည် ပဲကြားကြားနေရတယ်
ငါ နင့်ကို သိပ်ချစ်မိသွားပြီ ကွာ ............။
