
အိမ်အပြန်လမ်းလေး
လျှောက်လှမ်းမိတော့
လာခဲ့တုန်းကလောက်
ငါ မပျော်တော့ ........
အဖော်အပေါင်း စုံလင်
ခရီးနှင်ခဲ့တုန်းက
ပျော်ရွှင် စိတ်ညစ်
အတိတ်ဖြစ်စဉ်တွေမှာ
ကြေကွဲရိပ်တွေလည်း
ကြုံခဲ့ရဘူးတယ် ......
အခုတော့ အဖော်ရယ်
ကွာဝေး...
အဝေးတစ်မြေမှာ
ပြန်သူက ပြန်
ခရီး တစ်ဝက်
ဆက်သူက ဆက်
နှုတ်မဆတ်ပဲ
ရုတ်တရက် လှည့်ပြန်သူက ပြန်
သြော် .....တိုတောင်းလွန်းတဲ့
ဒီ လူ့ဘဝ
ကြုံတွေ့လိုက်ရတာတွေက
မြန်ဆန်လွန်းသလိုပဲ
အခုလည်း.....
ငါ့ရဲ့ အပြန်ခရီးလမ်း
မှောင်ရီမသမ်းခင်
ဆက် လှမ်းရပေအုံးမှာပေါ့ ။
