this site the web

NAYSISTHU`S PHOTOS

image
image
image
image
image
image
image
image
image
image
image
image

ပြည့်စုံ( မိုး )








yoe ko ko

For Valentine ( ဖြေရှင်းခွင့် ပေးပါ )


တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့
နင့်ရဲ့ စကားအဆုံးမှာ
လှည့်ထွက်ဖို့ ဟန်ပြင်
ငါ့ရဲ့ ဖြေရှင်းချက် တစ်စုံကိုတောင်
နင်က နားထောင်မပေးနိုင်ခဲ့ဘူး ။
ချစ်လျက်နဲ့ လမ်းခွဲခဲ့ကြပေမယ့်
လမ်းခွဲခဲ့ကြတဲ့ အဲ့ဒီနေ့တုန်းက
နင် ငိုနေခဲ့ဘူးတယ်...
ကာရံမဲ့တဲ့ နွေဥသြရဲ့ လွမ်းတေးသံ
စိုးရိမ်မှုတွေ တပွေ့ တပိုက်နဲ့
ဘာဖြစ်သွားမှန်းမသိတဲ့ ငါ
ဝမ်းနည်းလွန်းလို့ ငိုဖို့တောင်
မေ့လျော့သွားခဲ့ဖူးတယ်.......။
ငါဟာမင်းအတွက်...
မချစ်ခင်ကတည်းက လွမ်းနှင့်ပြီးသားပါ
မသွားခင်ကတည်းက ရောက်နှင့်ပြီးသားပါ
မတောင်းခင်ကတည်းက ပေးနှင့်ပြီးသားပါ ...
ဝမ်းနည်းစွာနဲ့လိုက်လျောပေးခဲ့တဲ့ငါမှာတော့
မသွားပါနဲ့လို့ တားခွင့်မရှိသလို
ငါ့ကို ဆက်ချစ်နေပါလို့လည်းပြောခွင့်မှမရှိတာ
နင် ငါ့ကို နာကျည်းစွာနဲ့ မုန်းခွင့်
ရှိပါတယ် ..။
အကြောင်းရှိလို့ အကျိုးရှိခဲ့တာပဲ
လူတွေအားလုံးဟာ မုသားကင်းတယ်လို့
ငါယုံကြည်ခဲ့ဘူးတယ်
ဟန်မဆောင်တတ်ဘူး
ပွင့်လင်းတယ်လို့ မြင်ခဲ့ဘူးတယ် ။
နင်လည်း ဟန်ဆောင်မှုကင်းစွာနဲ့
ပွင့်လင်းစွာ ဝန်ခံပြီး
လမ်းခွဲဖို့တောင်းဆိုတော့
ငါဝမ်းနည်းစွာနဲ့ လိုက်လျောပေးခဲ့ရပေမယ့်
ငါ နင့်ကို မမုန်းနိုင်ခဲ့ဘူး
ချစ်သူ .... ။
နင် ပြောခဲ့ဖူးသလိုပေါ့
“ အချစ်ဆိုတာ ရယူပိုင်ဆိုင်နိုင်မှရယ် မဟုတ်ပါဘူး
ရင်ထဲမှာတိတ်တိတ်လေးနဲ့လည်း ချစ်ခွင့် ရှိနေနိုင်တာပဲ ”တဲ့
အခုတော့လည်း နင် ပြောခဲ့သလို
ငါ့ရင်ထဲမှာ နင့်ကို
တိတ်တိတ်လေး ချစ်နေတုန်းပဲ
ချစ်သူ ........။
လိပ်ပြာတကောင်လိုငါ့စိတ်ကူးတွေနဲ့
အမြဲရောက်ရှိနေတဲ့ မင်းရဲ့အနားမှာ
ငါတိတ်တိတ်လေး ပျော်ခွင့်တော့ ရချင်တယ် ။
မင်းပေးခဲ့တဲ့ စာအုပ်ကြားက
စွယ်တော်ရွက်လေး
ငြှိုးနွမ်းခြောက်သွေ့နေပေမယ့်
ငါ့ရင်ထဲက အချစ်တွေကတော့
လန်းဆန်းစွာ ရှင်သန်နေတုန်းပါပဲ ...... ။



yoe ko ko

OFFICIAL Somewhere over the Rainbow - Israel "IZ" Kamakawiwoʻole




ဒီသီချင်းလေးကို ပို့ပေးတဲ့ ကျွန်တော့်ရဲ့ ညီမငယ် လေးကို ကျေးဇူးတင်ပါတယ် :)



yoe ko ko

နင့် ကိုချစ်တယ်


အကြည့်တစ်ချက် ဆိုယုံလောက်နဲ့

ငါ နင့်ကို ရင်မခုန်သင့်ပါဘူး.........

အမှတ်တမဲ့ ဆုံဆည်းခွင့် ရယုံနဲ့

ငါ နင့်ကို မချစ်သင့်ပါဘူး ............

နင့် အပြုံးလေး မြင်လိုက် ရယုံ နဲ့

ငါ တဒင်္ဂ လောကကို မမေ့သင့်ပါဘူး.........

တစ်ရက် မတွေ့လိုက်ရ ယုံနဲ့

ငါ နင့်ကို လွမ်းမနေသင့်ဘူး.............

မဖြစ်စလောက် ချစ်မိသွား ယုံလောက်နဲ့

ငါ့ နှလုံးသားမှာ အမြစ်မတွယ်သင့်ဘူး...............

အခုတော့ ...........

နင့် အကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့

ငါ့ ရင်ထဲက နှလုံးခုန်နှုံးတိုင်းမှာလည်း

နင့် နာမည် ပဲကြားကြားနေရတယ်

ငါ နင့်ကို သိပ်ချစ်မိသွားပြီ ကွာ ............။



yoe ko ko

ငယ်ချစ်ဦး


မရောက်တာကြာ ဒီနေရာမှာ

ဆုံတွေ့ခဲ့ကြ ချစ်သူဘဝဝယ်...

အပျော်လေထဲ ရွက်လွှင့်ခဲ့ဘူးတယ်...

ရော်ရွက်ဝါကြွေ လေပြေအေးအေး

တိုက်ခတ်ခါစဉ် အနမ်းလေးတစ်ပွင့်

ပန်းလေးအဖြစ်နဲ့ ဒီနေရာမှာ

ကြွေကျခဲ့ဘူးတယ် ...

သြော် ...အခုတော့

မဆုံနိုင်မှန်း သိပါလျက်နဲ့

တွယ်တာမြတ်နိုး ဒီသံယောဇဉ်ကြိုးကို

ဖြတ်တောက်ဖို့ ဆိုတာလည်း

ခက်လှပါတယ် ငယ်ချစ်ဦး ရယ် ..........။


yoe ko ko

Michael Buble ( HOME )

ကျွန်တော့်ရဲ့ ညီမငယ် အတွက် သီးချင်းလေးပါ :)






yoe ko ko

ဆက်ချစ်ခွင့်


သူငယ်ချင်းတဲ့ .................

ကျော်ထွက်ခွင့် မရှိတဲ့ စည်းဝိုင်းတစ်ခုထဲ

တိတ်ဆိတ်စွာ ရင်ခုန်ခဲ့ရတဲ့သူပါ .....

နှစ်တွေကဟောင်း ရာသီတွေပြောင်းလဲခဲ့ပေမယ့်

နင့်နားမှာ အားပေးမှုတွေနဲ့အတူ

ငါပျော်ခဲ့ရဘူးတယ် .....။

“ နင့်ကို ငါအရမ်းချစ်လိုက်တာ .......”

စိတ်ကူးပြီး ရူးခဲ့ရတဲ့ အိပ်မက်တွေမှာ

ငါ မရိုးနိုင်အောင် အကြိမ်ကြိမ်ပြောခဲ့တဲ့

ဒီရင်ထဲက စကား နင် မကြားပေမယ့်

ရင်ထဲမှာဆက်ချစ်နေခွင့်တော့ ရှိတယ် ........ ။



yoe ko ko