this site the web

တမ်းတခြင်းတွေနဲ့ အတူ


တစ်သက်တာမခွဲ ၊ အမြဲသာလက်တွဲမယ်လို့

ရည်စူးမိတဲ့စိတ်နဲ့ ၊ ကြေကွဲခဲ့ဘူးတဲ့

အတိတ်ကိုလည်း ၊ ငါမေ့ထားခဲ့ဘူးတယ်

ချစ်သူ ...........

မိုင်တွေဝေးကွာ ၊ ဆွေးကာမျှော်မှန်း

လွမ်းခဲ့ရတဲ့နေ့တိုင်းမှာ ၊ မေ့မရနိုင်တဲ့ပင်အိုရိပ်အောက်

ပန်းအကြွေကောက်ခဲ့ ကြတဲ့၊ နေ့တွေကိုသတိရမိတယ်

ချစ်သူ...........

ခန္ဓာ အသက်ရှင် ၊ တည်ရှိနေသရွေ့

လွမ်းတသသ နဲ့ မှန်းဆမျှော်ရင်း

တမ်းတခြင်းတွေနဲ့ အတူ ငါဒီနေရာလေးကနေ

စောင့်မျှော်နေစဲပါ

ချစ်သူ..................




0 comments:

Post a Comment