ဘိုဘို ( သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ )
Posted by
နေစစ်သူ
, Tuesday, November 11, 2014 at 6:51 PM, in
Labels:
ဗီဒီယို
ပျော်နေမယ် ပြန်တွေးတိုင်း ( Cindy )
Posted by
နေစစ်သူ
, Sunday, January 26, 2014 at 10:10 PM, in
Labels:
ဗီဒီယို
ချစ်နေစဲပါ
Posted by
နေစစ်သူ
, Wednesday, June 19, 2013 at 1:39 AM, in
Labels:
ကဗျာ
တိုက်ဆိုင်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရချိန်တိုင်း
မျက်နှာလွဲပြီး မဆီမဆိုင်တဲ့အကြောင်းအရာတွေကိုစဉ်းစားခဲ့ဘူးတယ် .....
အမှတ်တမဲ့လမ်းမှာ ပြန်ဆုံတွေရင်လည်း
မမြင်ချင်ဟန်ဆောင်ပြီး ရှောင်ထွက်ဖို့ကြိုးစားမိတယ်......
ဝမ်းနည်းနာကျင်လွန်းပေမယ့် လူတွေရှေ့မှာ
ဟန်ဆောင်ပြုံးပြခဲ့ရတွေ ရှိတယ် .......
သူ့အကြောင်းတွေ မေ့ဖို့ကြိုးစားရင်း သူငယ်ချင်းတွေဆီက သူ့သတင်းကိုကြားမိရင်
အကြောင်းပြချက်တစ်ခုနဲ့ အဲ့ဒီစကားဝိုင်းကနေ လှည့်ထွက်ဖို့ ဆုံးဖြတ်ဘူးတယ် ....
သူကြိုက်တတ်တဲ့ အစားအစာတွေ ကိုယ့်အရှေ့ရောက်လာတိုင်း
ကိုယ်နဲ့မတည့်ပါဘူး ဆိုပြီး မစားပဲနေခဲ့ဘူးတယ်.......
သူ့ကို မချစ်ခဲ့ပါဘူးလို့ ငါ့နှုတ်ကကျိမ်ဆိုနေပေမယ့်
တကယ်တမ်းကျတော့ ....
ငါ့နှလုံးသား သူ့ကို ဒီနေ့အချိန်ထိ
ချစ်နေစဲပါပဲလေ...........
ချစ်သူအတွက်
Posted by
နေစစ်သူ
, Monday, March 18, 2013 at 5:07 PM, in
Labels:
ကဗျာ
ချစ်သူ ....
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည် .......
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လည်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည် ......
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည် ......
သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
( ငါ့ ) ချစ်သူသာဖြစ်၏ ......
မောင်စိန်ဝင်း-ပုတီးကုန်း
ခံနိုင်ရည်
Posted by
နေစစ်သူ
, Wednesday, December 21, 2011 at 3:15 PM, in
Labels:
ကဗျာ

ငိုခြင်း ရယ်ခြင်းတွေ
အဆုံးသတ်နိုင်ဖို့ ငါကြိုးစားခဲ့မိတာ
နင့်ကြောင့်ပါ ကောင်မလေးရယ်......
တစ်ခါတစ်လေ ငါ နင့်ကြောင့်
ပျော်ခဲ့ရတယ်.......
တစ်ခါတစ်လေ နင့်ကြောင့်
ဝမ်းနည်းခဲ့ရဘူးပါတယ် .....
အခါတစ်ရာမက ဝမ်းနည်းခဲ့ရပေမယ့်
တစ်စက္ကန့်စာလောက်မျှ
ပျော်ခွင့်ရလိုက်ရုံနဲ့
ငါက ကျေနပ်နေရတဲ့ သူပါလေ.... ။
ငါ့အတွက် အချစ်ဟာ
ပိုင်ဆိုင်ခွင့် မရကောင်းနိုင်တဲ့အရာလို့
ခံယူထားပေမယ့် တစ်ခါတစ်ခါ
ငါရူးမိုက်စွာ မျှော်လင့်နေမိပြန်တယ် ။
မဖြစ်နိုင်မှန်း သိလျက်နဲ့
အရှေ့ဆက်တိုးနေမိတဲ့ ငါ့ခြေလှမ်းတွေ ...
မေ့နိုင်အောင် ကြိုးစားရင်းနဲ့
မင်းအနားကို ရောက်ရောက်လာတတ်တဲ့
ငါ့စိတ်တွေ
ပြီးတော့
အမှားတွေ အမြဲလုပ်တတ်တဲ့
ငါ့ကိုယ်ငါလည်း မုန်းမိပါတယ် ........
အခုတော့ နေပါစေတော့
ဝမ်းနည်းခဲ့ရတဲ့ ညတွေအတွက်
ခဏတာ ပျော်ရွှင်မှုတွေကိုလည်း
ငါမမက်မောပါရစေနဲ့တော့
ကောင်မလေးရယ်.............
ငါ့မှာ ခံနိုင်ရည် မရှိတော့လို့ပါ .......

တောင်းဆုတစ်ခုသာ
Posted by
နေစစ်သူ
, Tuesday, May 17, 2011 at 1:37 AM, in
Labels:
ကဗျာ

မသေခြာတဲ့ ချစ်ခြင်းတစ်ခုမှာ
ငါမွေ့ပျော်နေခဲ့ဘူးတယ် .....
ပိုင်ဆိုင်ခြင်းဆိုတာ ငါမမြင်တွေ့နိုင်တဲ့
ကမ်းတစ်ဘက်မှာပေါ့ .......
ဒါပေမယ့် ပျော်စရာကောင်းတဲ့
နိုးတစ်ဝက်နဲ့ မက်ခဲ့တဲ့
ငါ့ရဲ့ အိပ်မက်တွေ....
မင်းနဲ့ တွေ့ဆုံခွင့် ပေးခဲ့တဲ့ ကံကြမ္မာရယ်
တစ်ခါတစ်ရံ ငါ့အပေါ်စာနာမှုတွေနဲ့
ကြည့်ခဲ့တဲ့ မင်းရဲ့ မျက်ဝန်းတစ်စုံအတွက်
ကျေနပ်နှစ်သိမ့် ကျေးဇူးတင်နေမိပေမယ့် ....
လင်းလတ်တဲ့ မိုးကောင်းကင်ကကြယ်လေးတွေကို
ငါ ပိုင်ဆိုင်ခွင့် မရနိုင်ဘူး
အေးမြတောက်ပတဲ့အလှကို
အဝေးက ငေးကြည့်နေရ ယုံလေးတင်ပါ ....
ကောင်းကင်မှာ ပျံဝဲနေတဲ့ ငှက်လေးလို
ငါ ပျံသန်းခွင့် မရှိပါဘူး ...
ငါနေခွင့်ရှိတဲ့ နေရာဟာ မြေပြင်ကြီးရဲ့
နေရာလေးတစ်နေရာမှာ ပါ......
ကန့်သတ်ချက်တွေနဲ့ လူဖြစ်လာခဲ့ရတဲ့ ငါ
ဆုတောင်းတစ်ခုသာ တကယ်
ပြည့်ဝခဲ့မယ်ဆိုလျှင်
အနက်ရှိုင်းဆုံး ငါ့နှလုံးသားတစ်နေရာက
မင်းအတွက် သိမ်းဆည်းထားခဲ့ရတဲ့
ငါ့ရဲ့ ချစ်ခြင်းမေတ္တာ ကို
မင်း မြင်တွေ့ နိုင်ပါစေလို့ပဲ
ဆုတောင်းနေမိမှာပါလေ .....

နွေးထွေးတဲ့ ရင်ခွင်တစ်စုံ
Posted by
နေစစ်သူ
, Tuesday, May 10, 2011 at 12:57 AM, in
Labels:
ခံစားမှု တစ်စုံ

အဲ့ဒီအချိန်က ကျွန်တော့်အသက် ၆နှစ် ပေါ့ ။ “ သားက အမေ့ ကို ဘယ်လိုထားမှာလဲ ” လို့ အမေက မေးဘူးတယ် ။ ခလေးပီပီ ဘာမှမသိသေးပေမယ့် “ အမေ့ ကို အိမ်အကြီးကြီးနဲ့ထားမှာပေါ့ ...အမေ ဘာအလုပ်မှလုပ်စရာမလိုဘူး ။ အမေ့အတွက် အိမ်မှာဓါတ်လှေကား ပါဆင်ပေးထားမှာ .... ကျွန်တော် က အရှေ့ခန်းမှာ ကားမောင်းပြီး အမေက နောက်ခန်းမှာ ထိုင်လေ ... လို့ပြောတော့ အမေ ကျေနပ် နှစ်သက်တဲ့ အပြုံးနဲ့ ပြုံးပြီး ကြည့်နေခဲ့ဘူးတယ် ။ အမေ မကြာခဏ မေးတတ်တဲ့ မေးခွန်းမို့ ကျွန်တော် အခုချိန်ထိ မှတ်မိနေခဲ့တယ် ။ မောင်နှမ နှစ်ယောက်ထဲမှာမှ အမေက ကျွန်တော့်ကို အချစ်ပိုခဲ့တယ် ။ အမေ လူမှန်းသိတတ်စ အရွယ်ကစပြီး အဖိုးနဲ့အဖွားက ဆုံးသွားတယ်လို့ အမေပြောဘူး တယ် ။ အမေကိုယ်တိုင်တောင် အဖေနဲ့ အမေ ( ကျွန်တော့် အဖိုး အဖွား )ကို မျက်လုံးထဲ ရုပ်ပုံဖော်လို့ မရဘူး မမှတ်မိ တော့ဘူးလို့ ပြောဘူးတယ် ။ အဒေါ်တွေ ဦးလေးတွေရဲ့ အုပ်ထိန်းမှုအောက်မှာ အမေနဲ့ အမေ့ ညီမလေး ကြီးပြင်း လာခဲ့ရတယ် ။ ကရင်တိုင်ရင်းသူပီပီ အမေ့လေသံ ဝဲဝဲလေးနဲ့ မြန်မာစကားပြောရင် ကျွန်တော် အရမ်းသဘောကျ ပြီး ရယ်ခဲ့ရဘူးတယ် ။ အမေ့ အသက် ၁ရ နှစ်လောက်မှာ သူသိပ်ချစ်ရတဲ့ သူ့ညီမလေး နဲ့ခွဲပြီး ဘားအံကနေ ရန်ကုန်ကို အလုပ်လုပ်ဖို့ တတ်လာခဲ့ရတယ် ။ အမေ ရန်ကုန်မှာပဲ အဖေနဲ့ အိမ်ထောင်ကျပြီး ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို မွေးခဲ့တယ် ။ ငယ်ငယ်ကတည်းက အမေက သူ့ညီမလေးနဲ့ ခွဲခဲ့ရတော့ သူ့ညီမလေးကို အရမ်းတွေ့ချင်တယ်လို့ ကျွန် တော်တို့မောင်နှမ နှစ်ယောက်ကို ပြောဘူးတယ် ။ ဘားအံသွားဖို့ အဖေ့ဆီက ခွင့်တောင်းတော့ အဖေက ခွင့်မပြုခဲ့ဘူး ။ အဲ့ဒီအချိန်က တိုက်ပွဲတွေ ဖြစ်နေတော့ အဖေက စိတ်မချလို့ အမေ့ကို သွားဖို့ ခွင့်မပြုခဲ့ဘူး ။ နောက်ဆုံး ကြားရတဲ့ သတင်းကတော့ အမေ့ ညီမ ( ဒေါ်လေး )က အိမ်ထောင်ကျပြီး ကော့ကရိတ်ဘက်ကိုပြောင်းသွားတယ်ဆိုတဲ့ သတင်း အစအနလေးပါပဲ ။ အမေတို့ ညီမ နှစ်ယောက်ဟာ ငယ်ငယ်ကတည်းက ခွဲပြီးနေလာခဲ့ပေမယ့် စာအဆက်အသွယ်တော့ ရှိခဲ့တယ် ။ ဒေါ်လေး အိမ်ထောင်ကျပြီး ကော့ကရိတ်ဘက် ပြောင်းသွားတော့မှ ညီအမ နှစ်ယောက် အဆက်အသွယ် ပြတ်ခဲ့ရတာ ကျွန်တော်တို့ မောင်နှမ နှစ်ယောက် အရွယ်ရောက်လာတဲ့ အထိပေါ့ ။ အမေ့သွင်ပြင် အမေ့ ရုပ်ရည်က တည်ကြည်လွန်းတယ် ။ အမြဲတမ်းပြုံးနေတတ်တဲ့ အမေ့ကို တစ်အိမ်လုံးက ချစ်ကြတယ် ။ အဖေနဲ့ အမေစကားများ၇န် ဖြစ်ရင်တောင် ယောင်းမ နဲ့ ခဲအို အဖွားတို့က အမေ့ဘက်က ၇ပ်တည်ခဲ့ကြတယ် ။ အဖေနဲ့ စကားများရန်ဖြစ်ပြီး အမေ က အိမ်ပေါ်က ဆင်းသွားရင်လည်း အမေနဲ့အတူ ကျွန်တော်လိုက်ခွင့်ရခဲ့တယ် ။ အဖွားကအဖေ့ကိုဆူပြီး အမေ့ကိုပြန် ခေါ်စေခဲ့တယ် ။ အမေက အတန်းကျောင်းမတတ်ခဲ့ရဘူး ။ ဖတ်တတ် ရေးတတ်ရုံလောက်သာ သင်ခဲ့ရတယ် ။ ဒါပေမယ့် အမေ့မှာ ဘယ်သူနဲ့မှမတူတဲ့ အရည်အချင်းတွေ ထူးခြားတဲ့သွင်ပြင်လက္ခဏာတွေ အတွေ့အကြုံတွေ ရှိတယ် ။ အမေက သူ့ဘဝကို အခက်အခဲတွေ နဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ် ။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ဘဝ ဘာအခက်အခဲမှ မရှိ အောင် အေးအေးချမ်းချမ်းနဲ့ ကျော်ဖြတ်နိုင်ခဲ့၇တာ အမေ့ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ ။သူရောက်ခဲ့ရတဲ့ ဘဝမျိုး မရောက် ရလေအောင် အမေက စေတနာ မေတ္တာတွေ အပြည့်အဝထားပြီး ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို ပြုစု ပျိုးထောင် ပေးနိုင်ခဲ့တယ် ။ အမေဖြတ်သန်းခဲ့ရတဲ့ဘဝက ကြမ်းတမ်းလွန်းလှတယ် ။ ငယ်ငယ်ကတည်းက ခေါ်စရာ အဖေ မရှိ အမေ မရှိတဲ့ ဘဝနဲ့ သူ့ဘဝကို သူရုန်းကန်ခဲ့ရတာ ။ ကျွန်တော်တို့ အမေ့လောက် ခံနိုင်ရည် ရှိမှာမဟုတ်ဘူး အမေ .... ။ လူ တစ်ဘက်သားကို အားနာတတ်တဲ့ အမေ ။ ဒေါသ မောဟ ရိပ်တွေကင်းပြီး အမြဲတမ်း ကြည်လင်အေးမြနေတဲ့ အမေ့ ရဲ့ အပြုံးတွေ ကျွန်တော် မြင်ယောင်နေမိတယ် အမေရယ် ..... မောင်နှမ နှစ်ယောက်ထဲမှာမှ ကျွန်တော်က “ အမေ့ ” ရဲ့ အပြုံးတွေကို ပိုင်ဆိုင်ခွင့် ရခဲ့သူပါ ။တစ်ချို့ကပြောကြတယ် “ အမေတူသားလေး” တဲ့ ။ ကျွန်တော်ဂုဏ်ယူ ကျေနပ် နေပါတယ် “ အမေ ” ။ အခုချိန်ထိ “ အမေ ” ပြောနေတဲ့ စကားတစ်ခွန်းရှိပါတယ် ” ငါ့သားက အမေ့ ရှေ့မှာ ခလးလး တစ်ယောက်ပါ ” တဲ့ ။ အခုတော့လည်း “ အမေ့ ”ကို ချစ်တဲ့ သား က “ အမေ့ ” ရင်ခွင်ရဲ့ အဝေးတစ်နေရာမှာပေါ့ ။ ကျွန်တော် တမ်းတနေမိပါတယ် “အမေ” .......။ “အမေ့”ရဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်စုံ ကိုပေါ့ ။ |

စာရွက်ဖြူလေးအတွက်အမှတ်တရ မွေးနေ့
Posted by
နေစစ်သူ
, Thursday, May 5, 2011 at 2:09 AM, in
Labels:
ခံစားမှု တစ်စုံ





မှတ်မိနေတယ် စာရွက်ဖြူလေးရေ......
ငယ်ငယ်က အကြောင်းတွေကိုပေါ့
ဘယ်သူမှ မသိနိုင်တဲ့ ငါတို့သူငယ်ချင်းတစ်စုရဲ့
သံယောဇဉ်တွေ ။
သူငယ်ချင်းတွေ အလှည့်ကျ မွေးနေ့ရောက်တိုင်း
မွေးနေ့ရှင် သူငယ်ချင်းရဲ့ အိမ်မှာ
အိုးကြီး အိုးငယ် အသွယ်သွယ်နဲ့
သူငယ်ချင်းတစ်စု ချက်ပြုတ်စားသောက်ရင်း
မွေးနေ့ပွဲ ဆင်နွဲခဲ့ကြတယ် ညတွေကို
ငါသတိရမိတယ်ဟာ ......
ဒီနေ့ စာရွက်ဖြူဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ .....
လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက
နင့်မွေးနေ့အတွက် လှော်ကားကို
သူငယ်ချင်းတစ်စု ပျော်ပွဲစားထွက်ခဲ့ကြဘူးတယ်....
“ အရက်သောက်ရင် မလိုက်ခဲ့နဲ့လို့” နင်ကပြောတယ်....
ဟုတ်တယ် .....
ငါတို့တွေ မသောက်ဘူးလို့ ဂတိပေးပြီး
ကျောပိုးအိတ်ထဲ နင်မမြင်အောင်
ပုလင်းတွေ တန်းစီပြီး ထည့်လာခဲ့တယ် :P
ဗယုတ်သုတ်ခ နိုင်လှတဲ့ ငါ့တို့အဖွဲ့ကိုကြည့်ပြီး
ဘေးမဲ့တောက မျောက်တွေ
ကြောက်လန့်ပြီး တောထဲ
ပြေးဝင်ကုန်ကြတယ် ..... :P
ပျော်စရာကောင်းတဲ့ နင့်ရဲ့ မွေးနေ့လေးကို
ကန်ရေပြင်ကြီးဘေးက နားခိုဆောင်လေးမှာ
ကျင်းပ ဖြစ်ခဲ့ကြတယ် .....
အခုတော့ သူငယ်ချင်းတွေ
တစ်ယောက်တစ်နေရာစီကွာဝေး
ပြန်မဆုံနိုင်တဲ့ အခြေအနေမျိုးမို့
အမှတ်တရ အနေနဲ့ ပို့စ်တစ်ခုအဖြစ်
မှတ်တမ်းတင်လိုက်ပါတယ် ..... ။
စာရွက်ဖြူလေး အသက်ရှည်ပါစေ ... သူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်ပါစေ ... ။ ယောက်ျား မြန်မြန်ရပါစေ ။ :P
အိမ်ပြန်လမ်း
Posted by
နေစစ်သူ
, Sunday, April 24, 2011 at 2:29 AM, in
Labels:
ကဗျာ

အိမ်အပြန်လမ်းလေး
လျှောက်လှမ်းမိတော့
လာခဲ့တုန်းကလောက်
ငါ မပျော်တော့ ........
အဖော်အပေါင်း စုံလင်
ခရီးနှင်ခဲ့တုန်းက
ပျော်ရွှင် စိတ်ညစ်
အတိတ်ဖြစ်စဉ်တွေမှာ
ကြေကွဲရိပ်တွေလည်း
ကြုံခဲ့ရဘူးတယ် ......
အခုတော့ အဖော်ရယ်
ကွာဝေး...
အဝေးတစ်မြေမှာ
ပြန်သူက ပြန်
ခရီး တစ်ဝက်
ဆက်သူက ဆက်
နှုတ်မဆတ်ပဲ
ရုတ်တရက် လှည့်ပြန်သူက ပြန်
သြော် .....တိုတောင်းလွန်းတဲ့
ဒီ လူ့ဘဝ
ကြုံတွေ့လိုက်ရတာတွေက
မြန်ဆန်လွန်းသလိုပဲ
အခုလည်း.....
ငါ့ရဲ့ အပြန်ခရီးလမ်း
မှောင်ရီမသမ်းခင်
ဆက် လှမ်းရပေအုံးမှာပေါ့ ။

For Valentine ( ဖြေရှင်းခွင့် ပေးပါ )
Posted by
နေစစ်သူ
, Monday, February 14, 2011 at 12:00 AM, in
Labels:
ခံစားမှု တစ်စုံ

တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့
နင့်ရဲ့ စကားအဆုံးမှာ
လှည့်ထွက်ဖို့ ဟန်ပြင်
ငါ့ရဲ့ ဖြေရှင်းချက် တစ်စုံကိုတောင်
နင်က နားထောင်မပေးနိုင်ခဲ့ဘူး ။
ချစ်လျက်နဲ့ လမ်းခွဲခဲ့ကြပေမယ့်
လမ်းခွဲခဲ့ကြတဲ့ အဲ့ဒီနေ့တုန်းက
နင် ငိုနေခဲ့ဘူးတယ်...
ကာရံမဲ့တဲ့ နွေဥသြရဲ့ လွမ်းတေးသံ
စိုးရိမ်မှုတွေ တပွေ့ တပိုက်နဲ့
ဘာဖြစ်သွားမှန်းမသိတဲ့ ငါ
ဝမ်းနည်းလွန်းလို့ ငိုဖို့တောင်
မေ့လျော့သွားခဲ့ဖူးတယ်.......။
ငါဟာမင်းအတွက်...
မချစ်ခင်ကတည်းက လွမ်းနှင့်ပြီးသားပါ
မသွားခင်ကတည်းက ရောက်နှင့်ပြီးသားပါ
မတောင်းခင်ကတည်းက ပေးနှင့်ပြီးသားပါ ...
ဝမ်းနည်းစွာနဲ့လိုက်လျောပေးခဲ့တဲ့ငါမှာတော့
မသွားပါနဲ့လို့ တားခွင့်မရှိသလို
ငါ့ကို ဆက်ချစ်နေပါလို့လည်းပြောခွင့်မှမရှိတာ
နင် ငါ့ကို နာကျည်းစွာနဲ့ မုန်းခွင့်
ရှိပါတယ် ..။
အကြောင်းရှိလို့ အကျိုးရှိခဲ့တာပဲ
လူတွေအားလုံးဟာ မုသားကင်းတယ်လို့
ငါယုံကြည်ခဲ့ဘူးတယ်
ဟန်မဆောင်တတ်ဘူး
ပွင့်လင်းတယ်လို့ မြင်ခဲ့ဘူးတယ် ။
နင်လည်း ဟန်ဆောင်မှုကင်းစွာနဲ့
ပွင့်လင်းစွာ ဝန်ခံပြီး
လမ်းခွဲဖို့တောင်းဆိုတော့
ငါဝမ်းနည်းစွာနဲ့ လိုက်လျောပေးခဲ့ရပေမယ့်
ငါ နင့်ကို မမုန်းနိုင်ခဲ့ဘူး
ချစ်သူ .... ။
နင် ပြောခဲ့ဖူးသလိုပေါ့
“ အချစ်ဆိုတာ ရယူပိုင်ဆိုင်နိုင်မှရယ် မဟုတ်ပါဘူး
ရင်ထဲမှာတိတ်တိတ်လေးနဲ့လည်း ချစ်ခွင့် ရှိနေနိုင်တာပဲ ”တဲ့
အခုတော့လည်း နင် ပြောခဲ့သလို
ငါ့ရင်ထဲမှာ နင့်ကို
တိတ်တိတ်လေး ချစ်နေတုန်းပဲ
ချစ်သူ ........။
လိပ်ပြာတကောင်လိုငါ့စိတ်ကူးတွေနဲ့
အမြဲရောက်ရှိနေတဲ့ မင်းရဲ့အနားမှာ
ငါတိတ်တိတ်လေး ပျော်ခွင့်တော့ ရချင်တယ် ။
မင်းပေးခဲ့တဲ့ စာအုပ်ကြားက
စွယ်တော်ရွက်လေး
ငြှိုးနွမ်းခြောက်သွေ့နေပေမယ့်
ငါ့ရင်ထဲက အချစ်တွေကတော့
လန်းဆန်းစွာ ရှင်သန်နေတုန်းပါပဲ ...... ။

OFFICIAL Somewhere over the Rainbow - Israel "IZ" Kamakawiwoʻole
Posted by
နေစစ်သူ
, Thursday, February 10, 2011 at 10:32 PM, in
Labels:
ဗီဒီယို
ဒီသီချင်းလေးကို ပို့ပေးတဲ့ ကျွန်တော့်ရဲ့ ညီမငယ် လေးကို ကျေးဇူးတင်ပါတယ် :)
နင့် ကိုချစ်တယ်
Posted by
နေစစ်သူ
, Saturday, January 29, 2011 at 4:28 AM, in
Labels:
ကဗျာ

အကြည့်တစ်ချက် ဆိုယုံလောက်နဲ့
ငါ နင့်ကို ရင်မခုန်သင့်ပါဘူး.........
အမှတ်တမဲ့ ဆုံဆည်းခွင့် ရယုံနဲ့
ငါ နင့်ကို မချစ်သင့်ပါဘူး ............
နင့် အပြုံးလေး မြင်လိုက် ရယုံ နဲ့
ငါ တဒင်္ဂ လောကကို မမေ့သင့်ပါဘူး.........
တစ်ရက် မတွေ့လိုက်ရ ယုံနဲ့
ငါ နင့်ကို လွမ်းမနေသင့်ဘူး.............
မဖြစ်စလောက် ချစ်မိသွား ယုံလောက်နဲ့
ငါ့ နှလုံးသားမှာ အမြစ်မတွယ်သင့်ဘူး...............
အခုတော့ ...........
နင့် အကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့
ငါ့ ရင်ထဲက နှလုံးခုန်နှုံးတိုင်းမှာလည်း
နင့် နာမည် ပဲကြားကြားနေရတယ်
ငါ နင့်ကို သိပ်ချစ်မိသွားပြီ ကွာ ............။

ငယ်ချစ်ဦး
Posted by
နေစစ်သူ
, Monday, January 24, 2011 at 10:02 PM, in
Labels:
ကဗျာ

မရောက်တာကြာ ဒီနေရာမှာ
ဆုံတွေ့ခဲ့ကြ ချစ်သူဘဝဝယ်...
အပျော်လေထဲ ရွက်လွှင့်ခဲ့ဘူးတယ်...
ရော်ရွက်ဝါကြွေ လေပြေအေးအေး
တိုက်ခတ်ခါစဉ် အနမ်းလေးတစ်ပွင့်
ပန်းလေးအဖြစ်နဲ့ ဒီနေရာမှာ
ကြွေကျခဲ့ဘူးတယ် ...
သြော် ...အခုတော့
မဆုံနိုင်မှန်း သိပါလျက်နဲ့
တွယ်တာမြတ်နိုး ဒီသံယောဇဉ်ကြိုးကို
ဖြတ်တောက်ဖို့ ဆိုတာလည်း
ခက်လှပါတယ် ငယ်ချစ်ဦး ရယ် ..........။

( HOME )
Posted by
နေစစ်သူ
, Saturday, January 22, 2011 at 10:55 PM, in
Labels:
ဗီဒီယို
ကျွန်တော့်ရဲ့ ညီမငယ် အတွက် သီးချင်းလေးပါ :)
ဆက်ချစ်ခွင့်
Posted by
နေစစ်သူ
, Thursday, January 13, 2011 at 9:51 PM, in
Labels:
ကဗျာ

သူငယ်ချင်းတဲ့ .................
ကျော်ထွက်ခွင့် မရှိတဲ့ စည်းဝိုင်းတစ်ခုထဲ
တိတ်ဆိတ်စွာ ရင်ခုန်ခဲ့ရတဲ့သူပါ .....
နှစ်တွေကဟောင်း ရာသီတွေပြောင်းလဲခဲ့ပေမယ့်
နင့်နားမှာ အားပေးမှုတွေနဲ့အတူ
ငါပျော်ခဲ့ရဘူးတယ် .....။
“ နင့်ကို ငါအရမ်းချစ်လိုက်တာ .......”
စိတ်ကူးပြီး ရူးခဲ့ရတဲ့ အိပ်မက်တွေမှာ
ငါ မရိုးနိုင်အောင် အကြိမ်ကြိမ်ပြောခဲ့တဲ့
ဒီရင်ထဲက စကား နင် မကြားပေမယ့်
ရင်ထဲမှာဆက်ချစ်နေခွင့်တော့ ရှိတယ် ........ ။


















