this site the web

NAYSISTHU`S PHOTOS

image
image
image
image
image
image
image
image
image
image
image
image

အမှတ်တရ ဖြစ်ခဲ့ရသော မွေးနေ့လေးတစ်ရက်


“ Happy Birthday တဲ့ ” ည ၁၂ နာရီ တိတိမှာ ကျွန်တော့်ဆီကို ဖုန်းဝင်လာတယ် ။ ကိုယ် ကိုယ်တိုင်တောင် အမှတ်တမဲ့ နဲ့ နေလာခဲ့တဲ့ ကျွန်တော့် မွေးနေ့မှာ ချစ်သူက ပထမ ဦးဆုံးအကြိမ် ဖုန်းဆက်ပြီး “ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေလို့ ” ဆုတောင်းပေးလိုက်တော့ ကိုယ့် မွေးနေ့ ရောက်မှန်းသိလိုက်ရတယ် ။ အမိုးအကာ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့ရတဲ့ ဘဝမဟုတ်တော့ မွေးနေ့ ဆိုတာကိုတောင် မေ့တေ့တေ့ ရယ် ......သတိ မထားမိအား....။ ကိုယ့် အပေါ်ကို နားလည်မှု အပေးနိုင်ဆုံး အပြန်အလှန် တန်ဖိုးထား တတ်ပြီး ဂရုစိုက်ချစ်တတ်တဲ့ ချစ်သူလေးကို ပိုလို့တောင် ချစ်လာခဲ့မိပါတယ် ။ စိတ်ကူးကောင်းလှတဲ့ သူ့ရဲ့ အစီအစဉ်လေးကို လိုက်လျောရင်း ပျော်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းပွဲလေးကို နှစ်ယောက်သားတိတ်တိတ်လေး ကျင်းပခဲ့တာ ပထမဦးဆုံးအကြိမ်မို့ အမှတ်တရ ဖြစ်ခဲ့ ရတယ်လေ ........ ။ မွေးနေ့ ပွဲ တော်တော် များများမှာကြားဖူးနေတဲ့ “ Happy Birthday ...To You ” ဆိုတဲ့ သီချင်းလေးနေရာမှာ.... တရုတ်ဘာသာ နဲ့ မွေးနေ့ သီချင်းလေးကို သူကိုယ်တိုင်သီဆို ပြပြီး မွေးနေ့ အတွက် ဆုတောင်ပေးခဲ့တယ် ...... ။ ကျွန်တော့် ရင်ထဲမှာ ဘယ်လိုမှ ပြောပြလို့ မရတဲ့ ကြည်နူးမှု ပီတိလေးတစ်ခု ဖြစ်လာခဲ့ရတယ် ။ နောက်ဆုံး မွေးနေ့ ပွဲလေးမှာ ချစ်သူကို ဘာမှ မကျွေးနိုင်ခဲ့ပေမယ့် အနမ်းလေး တစ်ပွင့် နဲ့ အတူ ကျွန်တော်က လက်ဆောင်လေး တစ်ခု ပြန်ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီလက်ဆောင်လေးကတော့ “ “မ” ကို မောင်အရမ်း ချစ်တယ် ....ဘယ်တော့မှခွဲ မသွားပါဘူး ” ဆိုတဲ့တိလေးတစ်ခု ပါပဲ ....








ရွှေဘုံစံ ကုမ္မဏီကြောင့် ဒုက္ခရောက်နေကြရသူများ

ကျွန်နော့် ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ မတရားတဲ့ အဖြစ်အပျတ်လေးတစ်ခုပါ..။မလေးရှားမှာရှိတဲ့ အေးဂျင့်တွေနဲ့ မြန်မာပြည်မှာ ရှိနေတဲ့ အေးဂျင့်တွေ ပေါင်းပြီး ရိုက်စားလုပ်နေကြတဲ့ အဖြစ်လေး တစ်ခုပေါ့.....

မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ လေးလပိုင်း ၂၉ရက်နေ့ ( 29.APR.2010) မှာ ထွက်လာကြတဲ့ ဦးအာလီစော ( A.358952) အပါအ၀င် ၆ဦး အဖွဲ့မှာပတ်ပို့ စာအုပ်နှင့် ပါမစ်အလိမ်ခံနေရပါတယ်...။

မြန်မာပြည်မှ အေးဂျင့်ကတော့ ရွှေဘုံစံ ကုမ္မဏီ မှ ကိုကျော်မြင့်ထွန်း ...ဖုန်းနံပါတ် 095109492 ဖြစ်ပါတယ်...။သူ့ကို ဆတ်သွယ်ပြောဆိုတဲ့အခါ မှာလဲ ရိုင်းပြစွာ ပြန်လည် ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာ သူ့ကို ပေးချေခဲ့ရတာ ၁၃ သိန်းခွဲ (လက်ငင်း) ဖြစ်ပါတယ်..။

လက်ရှိ ပူချွန်း ILO မှ တာဝန်ရှိသူများနှင့် ဆတ်သွယ်လုပ်ဆောင်နေသော်လည်း တပတ်ပြီး တပတ် ရက်ချိန်းတွေနဲ့ပဲ ပြန်လာနေရပါတယ်...။

မြန်မာပြည်မှာ ရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၄င်းကုမ္မဏီနှင့်ဆတ်သွယ်ပြီး အလုပ်မလုပ်မိကြစေဖို့နဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ထိထိရောက်ရောက် အကူအညီ ပေးနိုင်မဲ့ မိတ်ဆွေများ ရှိရင် ( 016 9812997 ) ကို ဆတ်သွယ်မေးမြန်းနိုင်ပါတယ်...။





တမ်းတခြင်းတွေနဲ့ အတူ


တစ်သက်တာမခွဲ ၊ အမြဲသာလက်တွဲမယ်လို့

ရည်စူးမိတဲ့စိတ်နဲ့ ၊ ကြေကွဲခဲ့ဘူးတဲ့

အတိတ်ကိုလည်း ၊ ငါမေ့ထားခဲ့ဘူးတယ်

ချစ်သူ ...........

မိုင်တွေဝေးကွာ ၊ ဆွေးကာမျှော်မှန်း

လွမ်းခဲ့ရတဲ့နေ့တိုင်းမှာ ၊ မေ့မရနိုင်တဲ့ပင်အိုရိပ်အောက်

ပန်းအကြွေကောက်ခဲ့ ကြတဲ့၊ နေ့တွေကိုသတိရမိတယ်

ချစ်သူ...........

ခန္ဓာ အသက်ရှင် ၊ တည်ရှိနေသရွေ့

လွမ်းတသသ နဲ့ မှန်းဆမျှော်ရင်း

တမ်းတခြင်းတွေနဲ့ အတူ ငါဒီနေရာလေးကနေ

စောင့်မျှော်နေစဲပါ

ချစ်သူ..................




မေ့မရသော အမေ့ရဲ့ မေတ္တာ


“ အမေ....ရော့ ”

ငွေ ၅သောင်းကို အမေ့ လက်ထဲ ကျွန်တော့် ထည့် ပေးလိုက်တော့ ညှိုးရော် သွားတဲ့ အမေ့
မျက်နှာလေးကိုကျွန်တော် သတိထားလိုက်မိတယ် ။

“ မလိုပါဘူး သားရယ် ။ အရင် တစ်ခေါက်က သားပေးလိုက်တဲ့ ငွေ အမေ့မှာကျန်ပါ
သေးတယ် ။ အမေ့သားလေးကို မတွေ့တာကြာလို့ အမေ လာတွေ့တာပါ သားရယ် ” တဲ့ ။

အဖေ မရှိတော့တဲ့ နောက်ပိုင်း အမေ့ကိုကျွန်တော်နဲ့ အတူ ခေါ်ထားချင်ပေမယ့် ဇနီး နဲ့
ယောက္ခမက အကြောင်းအမျိုးမျိုးပြကာ ကန့်ကွက်ထားတာမို့ အမေ့ကို ခေါ်မထားဖြစ်ခဲ့ဘူး ။ အရင်တုန်းက
အမေ့ဆီ တစ်ပါတ်တစ်ခေါက် ပုံမှန်ရောက်ဖြစ်ခဲ့ပေမယ့် ယောက္ခမ အိမ်ပေါ်စရောက်လာတဲ့
နေ့ကစပြီး ကျွန်တော် အမေ့ဆီ မရောက်ဖြစ်တော့တာ ၂လလောက်ရှိပြီပေါ့ ။ အမေကတော့
သားအပေါ် အလိုက်သိတတ်လွန်းပါတယ် ။ အမေ သုံးဖို့ ပိုက်ဆံ ပေးရင်တောင်အမေ့မှာရှိပါ
တယ် လို့ ပြောပြီး အမြဲငြင်းလေ့ ရှိပါတယ် ။ ကျွန်တော် သိတာပေါ့ အမေက ဘယ်က ဝင်ငွေ
ရှိမှတဲ့လဲ ။ အခုတော့ မိန်းမ နဲ့ ယောက္ခမက မကြည်ဖြူသလို နေပြတော့ အမေ ကျွန်တော့်
ဆီ အလာကြဲသွားခဲ့တယ် ။

အခုဆို အမေ ကျွန်တော့်ဆီ ရောက်မလာတာ ၃ လလောက်ရှိနေပြီ ။ ကျွန်တော်လည်း ရုံးအလုပ်
တွေနဲ့ ရှုပ်နေလို့သတိမထားမိပေမယ့် တစ်နေ့ အမေ့အိမ်နီးချင်းတစ်ယောက်နဲ့ လမ်းမှာ တွေ့ပြီး
အမေ နေမကောင်း ဖြစ်နေတာကြာနေပြီ ဆိုတဲ့ အကြောင်း သူပြောပြမှ ကျွန်တော် သိရတော့
တယ် ။ ကျွန်တော် သွားတွေ့ချင်ပါတယ်
သို့သော်............

အိမ်ပြန်ရောက်လို့ အိမ်အဝင်ဝ အရောက်မှာပဲ သားငယ် မောင်တူးရဲ့ ငိုသံကို ကျွန်တော် ကြား
လိုက်ရတယ်..
“ မရဘူး ...သားကို အခု ဝယ်ပေး ”
သူ့အမေ ကို တစ်ခုခု ပူဆာနေတယ်ဆိုတာ ကျွန်တော် သိလိုက်မိတယ် .... ကျွန်တော်လည်း အိမ်
ထဲ မဝင်သေးဘဲ ဆက်ပြီး နားထောင်နေလိုက်တယ် ။ တော်တော် နဲ့ ချော့ မရတဲ့ အဆုံးမှာ .....

“ ကဲ...သားရယ် တိတ်ပါတော့ ...အမေ အခု လမ်းထိပ်က မားကက်မှာ သားအတွက် ကစား

စရာကားလေး သွားဝယ်ပေးမယ်နော် ” တဲ့ ။

အဲ့ဒီတော့မှ သားငယ် မောင်တူးရဲ့ အငို လည်း တိတ်သွားတော့တယ် ။ ကျွန်တော့် ဦးဏှောက်ထဲ
အရင်က အကြောင်းလေးတစ်ခုကို ဖြတ်ခနဲ သွားသတိရလိုက်မိတော့တယ် ။

အဲ့ဒီအချိန်က ကျွန်တော် အလယ်တန်းကျောင်းသားဘဝပေါ့ ။ ကျောင်းတွေစဖွင့်နေတဲ့ အချိန်မှာ
အရင်နှစ်ကလွယ်ခဲ့တဲ့ လွယ်အိပ်လေးအဟောင်းကို ဒီနှစ်မှာ အမေက ဆက်မလွယ်စေချင်လို့ ကျွန်တော့်
အတွက် တတ်နိုင်တဲ့ အထဲက ဈေးပေါပေါနဲ့ လွယ်အိပ်အသစ်ကလေး ဝယ်ခဲ့ပေးဘူးတယ် ။

“ အမေ ...သား အဲ့ဒီလွယ်အိတ်မလွယ်ချင်ဘူး ...သား သူငယ်ချင်းတွေ လွယ်တဲ့ ကျောပိုးအိတ်

လေးလိုချင်တယ် ”

အဖေ့ ရဲ့ လုပ်အားခ လေးနဲ့ မိသားစု စားဝတ်နေရေးအပြင် ကျွန်တော့် ရဲ့ ကျောင်းစရိတ် ကျူရှင်လခ
တွေ ပေါင်းလိုက်ရင် ဘယ်လိုမှ မလောက်ငှ နိုင်ပေမယ့် အမေက ခြိုးခြံခြစ်ကုတ်ပြီး အဲ့ဒီထဲကမှ ကျွန်တော့်
အတွက် လွယ်အိတ်လေး တစ်လုံး ဝယ်ပေးခဲ့ပေမယ့် အဲ့ဒီလွယ်အိတ်လေးကို ကျွန်တော် သဘောမတွေ့ခဲ့ ။
ကျွန်တော်လိုချင်တာ ကျောပိုးအိတ်အနီရောင်လေး ။ အမေကတော့ ကျွန်တော့အတွက် ကျောပိုးအိတ်လေး
ဝယ်မပေးနိုင်လို့ စိတ်မကောင်းဖြစ်ခဲ့တာတွေကို အဲ့ဒီအချိန်က ကျွန်တော်မသိခဲ့ ။ လိုချင်တာ မရရင် ထမင်း
မစား ၊ စိတ်ဆိုး ၊ သွားချင်ရာ လျှောက်သွားပြီး အချိန်မတော်ညဉ့်နက် သန်းခေါင် မှ ပြန်လာတတ်တဲ့
ကျွန်တော့် အကြောင်းကို အမေ ကောင်းကောင်းသိတာပေါ့ ။ နောက်တစ်နေ့မှာ ကျွန်တော်လိုချင်ခဲ့ ကျောပိုး
အိတ်အနီရောင်လေးကို အမေ ဝယ်လာပေးခဲ့တယ် ။ ကျွန်တော် အရမ်း ပျော်သွားခဲ့ရတယ် ။ပြီးတော့ အမေ
စကားတစ်ခွန်း ကျွန်တော့်ကိုပြောခဲ့တယ်

“ သားရယ် .. ညက သားပြန်မလာသေးလို့ အမေ စိတ်ပူနေတာ ။ နောက်ဆို အဲ့ဒီလို အိမ်မပြန်ပဲ

လျှောက်လျှောက်မသွားပါနဲ့တဲ့ ”

မျက်ရည်တွေ ဝဲ နေရင်း ကျွန်တော့်ကို ပြောလာတယ် ။ ပြီးတော့ အိပ်ခန်းထဲ ဝင်သွားတဲ့ အမေ့ရဲ့ ကျော
ပြင်ကိုကျွန်တော်ကြည့်ပြီး ကျန်ရစ်ခဲ့တော့တယ် ။ အမေဟာ အဖေ့ကြောင့် ဘယ်တုန်းကမှ စိတ်မဆင်းရဲခဲ့
ရဘူး ။ အဖေ ရှာလို့ဖွေလို့ ရသလောက်လေးကို ပဲ ခြိုးခြံခြစ်ကုတ်ပြီးရောင့်ရဲတင်းတိမ် နိုင်ခဲ့သူပါ ။ အမေ့မှာ
အင်္ကျီ အဝတ်အစား အသစ်ဆိုလို့ ၂ စုံ ၃ စုံ လောက်နဲ့ ဟောင်းနွမ်းနေတဲ့ အဝတ်အစားရယ် အဖေဆင်ပေး
ထားတဲ့ မင်္ဂလာဦးရွှေ နားကွင်းလေး တစ်စုံသာ ရှိပါတယ် ။ စားစရာ မရှိရင်တောင် အမေက အဲ့ဒီ နားဆွဲ
လေးကို ဘယ်တုန်းကမှေ၇ာင်းဖို့ စိတ်ကူးခဲ့သည်မဟုတ် ။ အဖေ ပေးခဲ့တဲ့ အရာလေးမို့ အမေက အမှတ်တရ
နဲ့ သိမ်းထားရုံကလွဲလို့ ရောင်းစားဖို့ ဆိုတာ ဘယ်တုန်းကမျှ မစဉ်းစားခဲ့ ။ အမေ့မှာ ဝတ်ဖို့ မရှိပေမယ့် ကျွန်
တော့်အတွက်တော့ လိုလေးသေးမရှိအောင်အမေက ဖြည့်ဆည်းပေးခဲ့ နိုင်ခဲ့သူပါ ။ အခုတစ်ခါမှာတော့ ကျွန်
တော့်အတွက် ကျောပိုးအိတ်လေး ဝယ်ပေးနိုင်ခဲ့ပေမယ့် အ၇င်ကနဲ့ မတူအမေ့ မျက်နှာလေး ညိုးရော် သွားခဲ့
တာ ကျွန်တော် သတိထားမိလိုက်တယ်။ အခုတော့ အမေဟာ အိပ်ခန်းရဲ့ထောင့်နံရံလေးကိုမှီပြီးကြိတ်ပြီး ငို
နေလေရဲ့ ။

“ အမေ ဘာဖြစ်လို့ ငိုနေတာလဲ ”


အခန်းဝမှာ ရပ်နေတဲ့ ကျွန်တော့်ကို မြင်တော့ အမေ မျက်ရည်တွေကိုသုပ်လိုက်ပြီး ဘာမှ မဖြစ်ပါဘူး ဆိုတဲ့
အမူအယာ နဲ့ ဟန်ဆောင်ပြုံးပြလိုက်ပေမယ့် ရင်ထဲမှာ မတင်မကျနဲ့ ။ ဒါပေမယ့် အမေ့နား မှာ အမြဲတမ်း
ဆွဲထားတဲ့ နားကွင်းလေး အခု မရှိတော့ ။ ကျွန်တော် သိလိုက်ပါပြီ ။ကျွန်တော်အလိုချင်ဆုံး ကျောပိုးအိတ်
လေးအတွက် အမေတန်ဖိုးထားမြတ်နိုးခဲ့ရတဲ့ ရွှေနားကွင်း လေးကို ရောင်းပြီး ကျော်ပိုး
အိတ်လေးကို အမေ ဝယ်ပေးခဲ့တာပေါ့နော် ...

“ ကျွန်တော် ဒီတစ်ခါလည်း မှားသွားပြန်ပြီ အမေ ........”

လက်မှာကိုင်ထားတဲ့ ကျောပိုးအိတ်အနီရောင်လေး လွတ်ချလိုက်ပြီး အဲ့ဒီတုန်းက အမေ့ ရင်ခွင်ထဲ ကျွန်တော်
ငိုချခဲ့ဘူးတယ် ။ အခုတော့ အဖေ မရှိတော့ပေမယ့် အမေဟာသူ့ဘဝကိုတစ်ယောက်ထဲ ရုန်းကန်ခဲ့
ရတယ် ။ ကျွန်တော် ဘဝ ပြည့်စုံပြီး မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေရတဲ့အချိန်မှာ အမေကတော့ကျွန်
တော်နဲ့ အဝေးမှာတစ်ယောက်ထဲ လောကရဲ့ ဒုက္ခဒဏ်တွေကို ကြိတ်ခံစားနေရရှာတာ ကျွန်တော်ဘာကြောင့်
မသိခဲ့တာလဲ ။ကျွန်တော် စိတ်အနှောက်အယှက် ဖြစ်မှာ စိုး၍ သူ ဒီလောက် နေထိုင်မကောင်းဖြစ်နေတာ
တောင်မှ အသိပေးဖို့ ဝန်လေးနေတဲ့ ကျွန်တော့် အမေ ။အခုဆို အမေ တစ်ယောက်ထဲ .......


အိမ်ရှေ့ခန်း ကြမ်းပြင်မှာ ဖာတေး ထားတဲ့ ဆောင်ကြမ်းလေးကို ခြေမလုံ ခေါင်းမလုံ ခြုံ ပြီး အမေ လဲ
လျှောင်းနေလေရဲ့ ။ ဆံပင်တွေဖြူ ၊သွားတွေ ကျိုး ၊ ပါးရေ နားရေတွေတွန့် ပြီး အိုမင်းရင့်ရော် နေတဲ့ အမေက
လှပတဲ့ အနာဂါတ်တစ်ခုကို ကျွန်တော့်အတွက် တည်ဆောက်ပေးခဲ့ရင်း နောက်ဆုံးထွက်သက်ထိ အဲ့ဒီ ပီတိတွေနဲ့
သူ ကျေနပ်နှစ်သိမ့်နေနိုင်ပေမယ့် ကျွန်တော့်ရဲ့ တာဝန်မဲ့မှုတွေအတွက် ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး
အမေ ..... ။ ရင်ထဲမှ ဆို့တတ်လာတဲ့ နာကျင်မှု ၊ ဝမ်းနည်းမှု တွေနဲ့အတူ အမေ့ရဲ့ ကျေးဇူးတရားကို ပြန်လည်
မြင်ယောင်ရင်း ရစ်ဝဲ ပြည့်အိုင်လာတဲ့ မျက်ရည်တွေဟာ အတားအဆီးမဲ့စွာ ပါးပြင်ပေါ်ကို ဖြတ်သန်း စီးဆင်းရင်း

“ အမေ ...သားလေ အမေနဲ့ ဘယ်တော့မှ ခွဲပြီး မနေတော့ပါဘူး အမေရယ် ...။ သားကို ခွင့်လွှတ်ပါ နော် ။
အမေ့ရဲ့ စေတနာ မေတ္တာတွေကို ဥပေက္ကာပြုပြီး ဒုက္ခဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ အမေ့ရဲ့ နေ့ရက်တွေအတွက်
ခံစားခွင့်ရခဲ့ရင်တောင် ကျွန်တော်ပြန်ပေးဆပ်ရတာတွေနဲ့ အထိုက်တန်သေးပါဘူး အမေရယ်.......

အခုတော့ အမေ အိပ်ပါစေ .... အမေ နိုးလာတဲ့အထိ သားစောင့်နေပါ့မယ် ။ နောက်ဆို အမေ့ကို ဘယ်တော့မှ

တစ်ယောက်ထဲ ထားမသွားပါဘူး အမေရယ် ။ အမေ နိုးလာတဲ့ အချိန်မှာ အမေ့ဘေးမှာ သားရှိနေတာမြင်ရင် အမေ
ဘယ်လောက် ပျော်သွားမလဲဆိုတာ ကျွန်တော် မြင်ယောင်နေမိပါတယ်အမေ.....

အိမ်ပြေးလေးဖြစ်တဲ့ ကျွန်တော့် ညီငယ်တစ်ယောက် အတွက်....





အချစ်ဆိုသည်မှာ





အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်...







တစ်ချို့ လည်း ဒီပို့စ်လေးကို ချစ်မိုးညို ရဲ့ VZO ဘလော့က် လေးမှာ ဖတ်ဖူးကြပေလိမ့်မည် ။ ဒီပို့စ်လေးကို ကျွန်တော်အရမ်း နှစ်သက် လို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် .. ဒီပို့စ်ရဲ့ ပိုင်ရှင်စစ်စစ် ဖြစ်သော ကျွန်တော့် အကိုကြီး ကိုဇောင်းလေး ကို ကျေးဇူး
တင်ပါကြောင်း................


စိမ်းရွက်တို့ကြွေ



အခုချိန်ဆို သူမကို တစ်အိမ်လုံးလိုက်ရှာနေကြတော့မည် ...... အိမ်က တင်းကြပ် ထားတဲ့ကြားထဲက မရမက
ခိုးထွက်လာခဲ့ရတာဟာ ဘဝမှာ ပထမဆုံးအကြိမ်နဲ့ စိတ်လှုပ်ရှားခဲ့ဆုံးသော စွန့်စားခန်းတစ်ခုပါ ။စာရေးချိန်း
ဆိုခဲ့သောနေရာသို့ သူမ အရင်ရောက်နှင့်ခဲ့ပေမယ့် သူမ ချစ်ရသောချစ်သူ က အခုချိန်ထိ သူရောက်မလာ
သေး...... အိချိုကတော့ မနေ့သူမ ပေးခိုင်းလိုက်တဲ့စာကို သူမ၏ချစ်သူ လက်ထဲကိုသေသေချာချာ ထည့်ပေး
လိုက်တယ်ဆိုတဲ့အကြောင်းကို သူမဆီ ဖုန်းဆက်ပြောခဲ့သေးတာပဲ ....

“ သူ သေချာပေါက်လာရမှာပေါ့ .... နှစ်ယောက်စလုံးအတွက် ဒီလောက်အရေး
ကြီးနေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ပျက်ကွက်ခဲ့ရင် တစ်ဘဝလုံးစာ
ဝေးရမယ်ဆိုတဲ့ ကိစ္စထက် ဘာကအရေးကြီးအုံးမှာတဲ့လဲ ”နော် ........

ပြိုမယောင် ညိုမှောင်နေတဲ့ မိုးကောင်းကင်ထက် တိမ်လိပ် တိမ်စိုင် တို့သည် ဟိုမှ ဒီသို့ ပြေးလွှားနေကြသည် ။
လေပြင်း တစ်ချက်ချက်ဖြတ်သန်း တိုက်ခတ်သွားတိုင်း လေနှင့်အတူပါလာသော မိုးစက် မိုးပေါက်များသည်
လွင့်ရုံစင်ရုံ မျှဖြင့် သူမ၏ ပင့်သက်ရှိုက်သံ များကိုပင် ပို၍ လှုပ်ခါနိုင်စွမ်း ရှိလေသည်.။ ရင်ခုန်ခြင်း ၊စိတ်လှုပ်
ရှားခြင်းတို့နဲ့အတူ သူမ စိတ်မောစွာ စောင့်မျှော်နေသော ချစ်သူသည် ယခုအချိန်ထိရောက်မလာနိုင်သေးပေ ။
နာရီ စက္ကန့်တံလေးတွေသည် တစ်ရွေ့ရွေ့နှင့်လည်ပတ်နေရင်းအချိန်တွေသည် တစ်နာရီမှ တစ်နာရီသို့ ခုန်
ကျော် ကူးဖြတ်လာခဲ့တော့သည် ။ စိတ်မောစွာ စောင့်မျှော်နေရတဲ့သူတစ်ယောက်အတွက် တစ်နာရီမပြောနဲ့
တစ်စက္ကန့်သည်ပင်လျှင် အသက်ရှု မှားလောက်စေသည် ။သက်ပြင်းအရှည်ကြီး ချရင်း

“ -သူ ဘာကြောင့် အခုချိန်ထိ ရောက်မလာသေးတာလဲ ”
ဟု တွေးရင်း သူမ ဝမ်းနည်းလာမိသည် ။
“ အို....သူအမြန်ရောက်လာနိုင်ပါစေ ”

စိတ်ထဲမှာတော့ အထပ်ထပ်အခါခါ ဆုတောင်းနေမိသည် ။အခုချိန် သူမကို အိမ်က ရှာတွေ့သွားရင်တော့
ဒုက္ခ ။ မချစ်မနှစ်သက်သောသူနဲ့ အတူနေရတဲ့ ဒုက္ခ ၊ ချစ်သောသူနဲ့ ကွေ့ကွင်းရတဲ့ ဒုက္ခဆိုတာကိုတော့ သူမ
ရင်မဆိုင်လိုပေ ။ ကြောက်ရွံ့စိုးရိမ်စိတ်ထက် သိပ်ချစ်ခဲ့ရတဲ့ ချစ်သူနဲ့ တစ်ဘဝလုံးစာ ဝေးသွားခဲ့ရင် ” ဆိုတဲ့
အတွေးကိုလည်း သူမ မတွေးရဲ ။ သို့သော် မလိုအပ်ပဲဦးဏှောက်ထဲ ရောက်ရောက်လာတတ်တဲ့ ထိုအတွေးစ
တွေကို သူမ အကြိမ်ကြိမ်ဆွဲထုတ်ဖို့ ကြိုးစားရင်းကပဲမျက်ဝန်းမှာ မျက်ရည်ခိုးတွေဟာ ပူနွေးပြည့်အိုင် လာပါ
တော့တယ် ။တိမ်မိုးသားမည်းတွေကို သူမ မော့ကြည့်လိုက်သည် ။ သိပ်မကြာခင်မှာ မိုးရွာပေလိမ့်မည်ဟု သူမ
ကောက်ချက်ချလိုက်မိသည် ။ မိုးချုန်းသံကြားရင် ငယ်ငယ်ကတည်းက ကြောက်တတ်ခဲ့သော သူမသည်
ယခုတော့ ထိုအသံများကိုပင် ဂရု မမူမိ ။ လျှပ်စီးများ အကြိမ်ကြိမ်ဝင်းလတ်နေသည့် မိုးကောင်းကင်ကြီး
အောက်၌ တုတ်တုတ်မျှပင်မလှုပ် ။

“ချစ်သူ ....ကိုယ့် ဘဝမှာ မင်းမရှိလို့ မဖြစ်ဘူး ဆိုတာ ယုံပါနော် ” တဲ့ ....။ တစ်စက္ကန့်လေးတောင်
ဝေးလို့ မနေနိုင်ပါဘူးဆိုတဲ့။ မောင်က အခုချိန်ထိ ရောက်မလာနိုင်ခဲ့တာဟာ သိပ်ချစ်လို့ပဲလား “ မောင်”
မနက်ဖြန်ဆိုတဲ့ အချိန်အခါက ကျမရဲ့ ဘဝတစ်ခု ကို “ မောင် ” မဟုတ်တဲ့ တစ်ခြားသော သူတစ်
ယောက်ရဲ့ လက်ထဲကို အပြီးပိုင် ထည့်ပေးလိုက်ရတော့မယ့် မင်္ဂလာပွဲဆိုတာ မောင်မသိတာလား ...
မဖြစ်နိုင်ဘူး.........မောင်သိတယ် ..မောင်လက်ထဲကိုလည်း ကျမရေးပေးလိုက်တဲ့စာ ရောက်တာပဲ ....
သတ္တိ နည်းလှချေလား မောင်ရယ်...

သူမ ဘာဆက်လုပ်ရမလဲ ဆိုတာ မတွေးတတ်တော့ ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတစ်ငင်ငင် ငိုချလိုက်မိရုံကလွဲ
လို့ သူမ ဘာမှ မတတ်နိုင်တော့ ။ယခုဏ က ဖြိုးဖြိုးဖြောက်ဖြောက် လွင့်စင်ရုံလောက်သာ ခက်မှန်မှန် ရွာနေ
သောမိုးသည် အခုတော့လည်းသည်းကြီးမည်းကြီးရွာချလေတော့သည် ။ အချိန်နာရီများသည် မထင်မှတ်
လောက်အောင် မြန်ဆန်စွာ ကုန်လွန်သွားစေခဲ့ပြန် သည် ။အခုတော့လည်း မိုးစက်တွေကြား၌ပင် သူမ၏ မျှော်
လင့်ချက်များ မျောပါ စတေးခံ ပစ်ရတော့မှာပေါ့နော် ။ မိုးသည် ပတ်ဝန်းကျင်ကိုကောင်းစွာ မမြင်ရလောက်
အောင် သည်းသထက် ပို၍ပင် သည်းလာလေတော့သည် ။

သိပ်မကြာလိုက်ပါဘူး ....သူမ ထိုင်နေရာ ခုန်တန်းလေး အနီးရှိ ကတ္တရာ လမ်းသွယ်လေးပေါ်တွင်ကားတစ်စီး
သည် သူမကိုကျော်လွန်းသွားပြီးမှ ရုတ်တရက် ဘရိတ်အုတ်လိုက်သည် ။ မိုးစက်မှားကြားမှာမသဲမကွဲ နှင့်ဘတ်
ဂီယာထိုး၍ နောက်ပြန်စုတ်လာသောကားလေးကို သူမ သေသေခြာခြာစိုက်ကြည့်မိလိုက်သည် ။

“ ဟင် !! ဖေဖေ နဲ့ မေမေ ”

ထွက်ပြေးဖို့ ဆိုတဲ့ အင်းအားလည်း မရှိတော့ ။ အချိန်မှီ ရောက်မလာနိုင်ခဲ့တဲ့ ချစ်သူကိုသာ အပြစ်ဖို့ ရင်းသူမ
ရှိုက်ကြီးတစ်ငင်ငင် ငိုကြွေးနေလေတော့သည် ။ ဝမ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ နာကြည်းခြင်းတွေနဲ့အတူ
ဆောက်တည်၇ာမဲ့ နှလုံးသားတို့သည် တောင်နံရံကြီးများအစိတ်စိတ်အမွှာမွှာကွဲထွက်လွင့်စင် ပြိုကြသလိုပင်
သူမ ခံစားလိုက်ရပါသည် ။ အရာရာသည် သူမအတွက်တော့ အားလုံးပြီးဆုံးသွားစေခဲ့ပြီပေါ့ ။

“ မငိုပါဘူးလေ....ဟုတ်တယ် ..ငိုစရာမှ မလိုအပ်တာ ။ အရာရာအားလုံးဟာ
အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ပျက်စီးသွားပြီပဲ ”
“ ဒီအခြေအနေတွေ ရောက်လာခဲ့ ပြီဆိုကတည်းက ဘာတွေဖြစ်လာတော့ မလဲဆိုတာ
ကျမ မပြောလည်း မောင် သိနှင့်နေလောက်ရော ပေါ့ ။ တစ်က္ကန့် လေးတောင် ခွဲမနေနိုင်ပါဘူးလို့
ကျမကို မောင်ပြောခဲ့ဘူးတယ်နော် .... ကျမ ရယ်ချင်လိုက်တာ...မောင် ။ အခုတော့ တစ်သက်စာ
အတွက် ခွဲခွါဖို့ မောင်က အဆုံးအဖြတ်ပေးခဲ့ ပွဲမှာ ကျမတို့နှစ်ယောက် နောင်တ မရကြေးပေါ့နော် ...”

နှင်းဆီရောင် နှုတ်ခမ်းလေးကို ပြတ်မထွက်ရုံတမယ် ကိုက်ထားရင်း

“ နှုတ်ဆတ်ခဲ့ပါတယ် ... “မောင် ” ”

မျက်လုံးအိမ်ထောင့်မှာ ရစ်ဝဲပြည့်အိုင်လာတဲ့ မျက်ရည်စက်များကို မျက်တောင် တဖျပ်ဖျပ် ခတ်လျက် ထိန်း
လိုက်မိသည် ။ ပြီးတော့ သူမ၏ မနီးမဝေး အနားလောက်မှာ အခန့်သင့် ရပ်စောင့်နေသော ကားရှိရာသို့ ကျော
ခိုင်းလှည့်ထွက်လာခဲ့လေတော့သည် ။ သို့သော် မနက်ဖြန် သည် ...သူမဘဝအတွက်တော့ အိပ်မက်ဆိုးတွေ
နဲ့ အတူခြောက်ကပ် ကြေကွဲ စရာစွာနဲ့တည်ရှိနေအုံးမှာပေါ့နော် ။

ကားလေးသည် ထိုနေရာမှ စတင်ထွက်ခွါလာပြီး လှည်းတန်းမီးပွိုင့်သို့ မရောက်မီ တစ်ဘက်လမ်းကြောမှာ လူ
တွေ အုံခဲ ပြွတ်သိပ်နေသည့် မြင်ကွင်းဆီ ကို သူမ သတိထားမိလိုက်သည် ။ အနီးအနား၌ လူနာတင်ယာဉ်
တစ်စင်း ကိုလည်းတွေ့လိုက်ရသည် ။ အဖြူရောင် ရှပ်အင်္ကျီ လက်ရှည် ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်
ယောက် မှောက်လျက် အနေအထား သွေးအိုင်ထဲမှာ လဲကျ နေတဲ့ မြင်ကွင်း ....။ ထိုသူသည် ကားတိုက်ခံလိုက်
ခြင်းဖြစ်သည်ဟုသာသူမ ကောက်ချက်ချလိုက်မိသည် ။ မီးပွိုင့် နီနေသောကြောင့် လူအုပ်ကြားထဲကပင် ထို
မြင်ကွင်းကို သူမ မပီပြင်စွာတွေ့လိုက်ရပေမယ့် သူမ ဆက်မကြည့်ချင်တော့ပေ ။ အသည်းငယ်တတ်သူပီပီ
သွေးပျက်ဖွယ်ကောင်းလှတဲ့ အဲ့ဒီမြင်ကွင်းကြောင့် သူမ ခေါင်းကို တစ်ဘက်သို့ လှည့်လိုက်မိသည် ..... မိနစ်
အနည်းငယ်အကြာ မီးပွိုင့် စိမ်းသွား၍ ကားလေးသည် ထိုမြင်ကွင်းကို ကျော်လွန်ကာ မိုးစက်တွေ ကြား၌ပင်
တဖြည်းဖြည်း ပျောက်ကွယ် သွားလေတော့သည် ။

ယခုဏက သွေးအိုင်ထဲမှာ လဲကျနေသူ၏ တိုးတိတ်ညင်သာသော ငိုရှိုက် ငြီးငြူသံတို့ကိုလည်း သူမ ကြားသွား
နိုင်တော့မည် မဟုတ်ပေ ။လက်ထဲ၌ သွေးတို့ စွန်းထင်းပေကျံနေတဲ့ချစ်သူ ချိန်းခဲ့သော အဖြူရောင် စာလေး
တစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၇င်း

“ ကျွန်တော့် ကို ကူညီကြပါဗျာ ...ကျွန်တော့်ကို သူစောင့်နေလိမ့်မယ် ။သူ့ဆီကိုခေါ်သွားပေးကြ
ပါ ။ ခေါ်သွားပေးကြပါ ...... ”

သွေးဆုတ်ဖြူလျော်လွန်းတဲ့ နှုတ်ခမ်း အစုံ ပြီးတော့ နွမ်းလျပါးလှပ်လွန်းတဲ့ သူ့မျက်မှာ ပေါ်တွင်တော့ ပြင်ထန်း
သော ဒဏ်ရာဒဏ်ချက်များ၏ နာကျင်မှုတို့ထက် မဖြစ်မနေ သူသွားရမယ့် နေရာတစ်ခုကိုသာ နှုတ်မှ တွင်တွင်
ရေရွတ်နေလေသည် ။ သို့သော်ထိုငြီးငြူ သံများသည်လည်း အခိုက်အတန့်ခဏလေး၌ပင် တိုးတိတ်စွာ ပျောက်
ကွယ်ရင်း ခရေနံ့တို့သည်လည်း မိုးစက်တွေကြားမှာ တစ်ချက်ချက် ဝေ့ခနဲ ၊ ဝေ့ခနဲ သင်းပျံ့လာခဲ့သည် ။ သည်း
မဲစွာရွာသော မိုးနှင့် လေတို့ကြောင့် အစိမ်းရင့်ရင့် သစ်စိမ်းရွက်တို့သည်လည်း ကြွေကျလျက်နှင့်ပင် စည်းလုံး
မှုမရှိ ဦးတည်ရာမဲ့စွာဖြင့် ဟိုမှ သည်သို့ ပြေးလွှား ပြန့်ကြဲလျက် ရှိနေတော့သည် ။ ယခုဏက ငြီးငြူသံတို့လည်း
မိုးစက်တို့၏ကြားထဲ၌ပင် တိုးတိတ်စွာပျောက်ကွယ် သွားခဲ့ရပြီး ငြိမ်သက်စွာ လှဲလျောင်းအိပ်စက်သွားသူရဲ့
မျက်ခွံကြားမှာတော့ မျက်ရည်စက်လေးတစ်စက် လိမ့်ဆင်း လာပါသည် ။ အားအင်ကုန်ခမ်းလို့ နွမ်းလျနေတဲ့
ထိုသူ၏ ခန္ဓာကိုယ်ထဲက ဝိညာဏ်လေးဟာ ဘယ်ဆီကိုများ ချိုးဖျက်ထွက်ပြေးသွားခဲ့ပြီ်လဲ ။ နောက်ဆုံးတော့
လည်း သူ၏ သီးသန့်ကမ္ဘာလေးထဲမှာအားလုံးကို နှုတ်ဆက် ခဲ့ကာ ထွက်ခွက်သွားခဲ့လေသော အဖြစ်ကို
ချစ်သော သူ တစ်ယောက် သိရှိ နိုင်တော့မည် မဟုတ်တော့ပေ ။








အဝေးက “အမေ”


မမေ့သေးပါ “အမေ” တစ်ကွေ့လေးမှာ

ကျွန်တော် ယိမ်းယိုင်သွားတာ

မမေ့သေးပါ “အမေ” တစ်ငွေ့လေးပါ

ကျွန်တော် မူးယစ်နေခဲ့မိတာ

မမေ့သေးပါ “အမေ” တစ်နေ့လေးမှာ

ကျွန်တော် အသည်းကွဲခဲ့ရတာ

မမေ့သေးပါ “အမေ” တစ်မြည့်မြည့်နဲ့ပေါ့

ကျွန်တော် ကျွမ်းလောင်နေခဲ့ရတာ

မမေ့သေးပါ “အမေ” နေ့တစ်နေ့လေးမှာ

ကျွန်တော် “အမေ့”ဆီပြန်လာခဲ့မှာပါ

လွန်တာရှိဝန္ဒာမိလို့

“အမေ”ရှိရာ စဉ်သာသတိတရနဲ့

မြင်သာမိတာ အကြည်နာပြည့်ဝတဲ့ “အမေ”က

အခုတော့ ကျွန်တော်နဲ့ အဝေးမှာလေ........